Playground: The Ambush

Ambush08

ရဲ ဖမ်း မယ် ဆို လည်း ဖမ်း လောက် ပါ ပေ တယ်

The making ကို ရေး​မယ်​ရေး​မယ်​နဲ့ အခု​မှ ရေး​ဖြစ်​ပါ​တော့​တယ်။ ဒီ​ကား​တို​လေး​ကို ရိုက်​မယ်​လုပ်​တော့ လူ​လိုက်​စု​ရ​တာ​တင် တော်တော် ပင်ပန်း​ပါ​တယ်။ အသိ​ထဲ​မှာ သရုပ်ဆောင် လုပ်​ဖူး​တဲ့​လူ​က​လည်း မ​ရှိ​တော့ အပေါင်းအသင်း​တွေ​ကို​ပဲ အကူအညီ​တောင်း​ပြီး သရုပ်ဆောင်​ခိုင်း​ရ​ပါ​တော့​တယ်။

ဇာတ်​လမ်း​ကတော့ မယ်⁠မယ်​ရ⁠ရ​မ​ရှိ​ပါ။ Non-stop အက်​ရှင်​ကို ဘယ်​လို ကား​ဆက်​သွား​မယ်၊ Effect တွေ​ကို ဘယ်​လို​ထည့်​မယ် ဆို​တာ​က အဓိက အချက်​ပါ။ အဓိက ဇာတ်​ကောင်​ကို လူဆိုး​တွေ​က ဝိုင်း​ပစ်၊ သူ​က ပြန်​ပစ်၊ လူ​ဆုံး​အားလုံး​သေ၊ ဆရာ​ကြီး​နဲ့​တွေ့၊ တိုက်ခိုက်​ကြ၊ နောက်ဆုံး ဆရာ​ကြီး​သေ။ သမား​ရိုး​ကျ ဇာတ်​လမ်း​ပါ​ပဲ။

Ambush01

MTZO နှင့် Mafia Duo

ဆရာ​ကြီး​ကတော့ AutoCad နဲ့ ဒီ​ဇိုင်း​လောက​က ဆရာ​တစ်​ဆူ​ဖြစ်​တဲ့ MTZO ပါ။ သူ့​ဒိတ်​ကို ရ​ဖို့ နှစ်​ပတ်​လောက် ကြို​ချိတ်​ထား​ရ​တယ်။ နောက် ကျန်​တဲ့ လူဆိုး​တွေ လုပ်​ဖို့ လိုက်​အကူအညီ​တောင်း​ရ​သူ​တွေ​ကတော့ ဂျာ​ဂျာ၊ MMO နဲ့ စည်​သူ​တို့​ပါ။ သူ​တို့​လည်း ခေ​သူ​တွေ​တော့ မ​ဟုတ်။ ကိုယ့်​နယ်ပယ်​နဲ့​ကိုယ် Professional တွေ​ပါ​ပဲ။ ခင်​လွန်း​လို့​သာ လူကြမ်း​လုပ်​ပေး​ကြ​တာ။ ကင်​မ​ရာ​မင်း​တစ်​ယောက်​လို​နေ​တာ​နဲ့ ဂျွန်​မိုး​အိမ်​ကို လှမ်း​အကူ​တောင်း​ထား​လိုက်​ပါ​တယ်။

Ambush06

ည ဘက် ကလေး များ အလစ် တွင် ရိုက် ကွင်း ကို သွား ရောက် လေ့ လာ စဉ်။

ရိုက်​ကွင်း​နေရာ​ကို​တော့ အိမ်​အောက်​ကို​ပဲ ရွေး​ထား​လိုက်​တယ်။ ပစ်​ခတ်၊ ရှောင်​တိမ်း စ​တဲ့ အဆက်​အစပ်​တွေ​ကို တွက်ချက်​ရ​တာ​တင် တစ်​နာရီ​လောက်​ကြာ​တယ်။ Storyboard ရေး​တာ​ကတော့ သုံး​နာရီ​လောက်​ကြာ​သွား​ပါ​တယ်။

Ambush02

မျက်နှာမြင် ရိုက် ချင် ပါ စေ ဟူ သော ဆုတောင်း ပြည့် လောက် ၏။

တကယ်​ရိုက်​မယ့် မနက်​မှာ မင်းသား​မင်းသမီး​တွေ​ကို လူ​စုံ​အောင်​စောင့်​တာ၊ မနက်​စာ​စား​တာ​တွေ​နဲ့ မနက် ၁​၁ နာရီ​မှ စရိုက်​ဖြစ်​ပါ​တော့​တယ်။ ရိုက်​ပြီး ဘယ်လောက်​မှ မ​ကြာ​သေး​ခင် ဘယ်​သူ​အတို့​အထောင် လုပ်​လိုက်​တယ် မ​သိ၊ ရဲ​နှစ်​ယောက်​ပေါက်​ချ​လာ​ပြီး ဟို​မေး​ဒီ​မေး​နဲ့ ရိုက်​တာ​မှာ​သုံး​တဲ့ သေ​နတ်​တွေ​ပါ သေချာ လိုက်​စစ်​ပါ​တော့​တယ်။ စင်္ကာ​ပူ​မှာ ကော်​ကျည်​ဆန် ထည့်​ပစ်​ရ​တဲ့ Airsoft သေ​နတ်​တွေ​ကို ဘန်း​ထား​တယ်။ သေ​နတ်​တွေ​က Airsoft မဟုတ်​တာ​ရယ်၊ ကျောင်း​ပ​ရော​ဂျက်​အတွက် ရိုက်​နေ​တယ်​လို့​ရယ် လျှောက်​ပြော​လိုက်​တော့​မှ​ပဲ မောင်မင်း​ကြီး​သား နှစ်​ကောင် ထွက်​သွား​တော့​တယ်။

Ambush04

အိုင် ဖုန်း ကင် မ ရာ များ နှင့် ရိုက် နေ စဉ်

ကင်​မ​ရာ​အတွက် အထူး​တ​လည် ရှာ​မ​နေ​တော့​ပါ။ လက်​ထဲ​မှာ ရှိ​တဲ့ အိုင်​ဖုန်း​ဖိုး​တွေ​နဲ့​ပဲ ရိုက်​လိုက်​ကြ​တယ်။ တကယ်​ရိုက်​တော့ ဇာတ်​လမ်း​မှာ ပါ​တဲ့​အတိုင်း လူ​ပြည့်​အောင်​ရိုက်​ဖို့ လို​နေ​တယ်။ အဲ​ဒါ​နဲ့ ဂျာ⁠ဂျာ​ကို နှစ်​ခါ​ပြန် သေ​ခိုင်းလိုက်​တယ်။ ဂျွန်​မိုး​အိမ်​ကို​လည်း ဂျာ​ကင်​တစ်​ထည်​ကောက်​စွပ်​ပေး​ပြီး လူဆိုး​လုပ်​ခိုင်းလိုက်​တာ ခ​မျာ အတော် စိတ်ညစ်​သွား​ရှာ​တယ်။ မြက်ခင်း​ထဲ ဖြတ်​ပြေး​ကြ​တာ ခွေး​ချေး နင်း​မိ​တဲ့ လူ​လည်း​နင်း​မိ။

Ambush05

ဤသို့ ဒါ ရိုက် တာ က ခိုင်း ချင် ရာ ခိုင်း ၍ သရုပ်ဆောင် များ က လည်း လုပ် ချင် ရာ လုပ် ကြ သည်။

ရိုက်​ရင်း​နဲ့ နေ​လည်း​မြင့်​လာ​သ​လို လူ​တွေ​လည်း နွမ်း၊ ချွေး​တွေ​လည်း​ပြန်​နဲ့ ကုတ်​အင်္ကျီ​တွေ​အောက်​မှာ အတော်​နေ​ရ​ခက်​လာ​ပြီ။ တိုက်ခန်း​တွေပေါ်​က ကလေး​တွေ​လည်း အော်ဟစ်​ပြီး အားပေး​ကြ​တယ်။ ဆရာ​ကြီး​လုပ်​တဲ့ MTZO က တော်​ပြီ​ဆို​ပြီး ထွက်​ထွက်ပြေး​နေ​လို့ မ​နည်း ဖမ်းဆွဲ​ထား​ရ​တယ်။

Ambush07

အီ တာ လျံ မာ ဖီး ယား အုပ်စု - "ကဲ လူ စုံ ပြီ.. ဘဏ် သွား ဖောက် ကြ စို့"

မွန်း​လွဲ​နှစ်​နာရီ​လောက်​မှာ​တော့ ရိုက်​ပြီး​သွား​ပါ​တယ်။ အဲ​ဒီ​နောက်​မှာ Editing နဲ့ အထူး​ပြုလုပ်​ချက်၊ အသံ​တွေ လိုက်​ထည့်​တာ နောက်​တစ်​ပတ်​ကြာ​သွား​တယ်။ ဒီ​ဗီ​ဒီ​ယို​ကို ကိုယ့်ဟာ​ကိုယ် ပြန်​ကြည့်​မိ​တော့ က​လင့်​အိစ်​ဝုဒ် ရိုက်​ခဲ့​တဲ့ Dirty Harry ဇာတ်​ကား​တွေ​ကို သတိရ​လို့ ပြုံး​ဖြီး​ဖြီး ဖြစ်​သွား​တယ်။ :P

Double Duel


This guy from YouTube inspired me. A speech from one of his videos highlighted my faded ambition, a movie maker.

“If you want to make movies, keep doing it.”

This is my first attempt for making movie after leaving Myanmar. It’s a typical cowboy duel scene. It was shot during my visit to Jarmoe’s apartment. Sithu kindly help me being cameraman. Who’s the actor? It’s me, me.:P Well, camera I used was iPhone4. If you can bear the shaky camera, poor lighting and untidy effects, please watch this. :)

ကတ်ကြေးစာမိသွားသည့် အနာဂတ်လှိုင်းများ

U can walk.

U can walk.

ဂျပန်-မဲခေါင် အပျော်တမ်း ရုပ်ရှင် ဒါရိုက်တာ ပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်သူ ၅၈ ဦးအနက် ၁၈ ဦးရွေးချယ်ခံရ။

အမှတ်မဲ့ ဖတ်ကြည့်လိုက်ရင်တော့ သြော်… ငါတို့မြန်မာတွေ တော်ကြရှာသားပဲ။ ၁၈ ယောက်တောင် ဆုတွေရသွားကြတာကိုး ဆိုပြီး မုဒိတာ ပွားစရာ သတင်းလေးပေါ့။ ဆုရတဲ့လူငယ်တွေက ဂျပန်ကို လေ့လာရေးခရီးသွားကြရမှာဆိုတော့ တွေးကြည့်ရုံနဲ့တင် ပျော်စရာကြီးပေါ့။ ကိုယ့်လက်ရာကို နိုင်ငံတကာက အသိအမှတ်ပြုတာလည်း ခံရ..၊ ဂျပန်ကိုလည်း ရောက်ဖူးသွား။

မိတ်ဆွေ… ငယ်ငယ်တုန်းက ကျောင်းက ကွန်ပျူတာ ခန်းထဲကို “ကြိုရွေးထားသူမဟုတ်လို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ အဝင်မခံတာ ကြုံဖူးပါသလား။ ကျောင်းစောင့်က ကျောင်းထဲပေးမဝင်လို့ စာမေးပွဲ မဖြေလိုက်ရတာမျိုးရော ကြုံဖူးပါသလား။ သူများကလေးတွေ ဆော့သလိုမျိုး ပေးမဆော့လို့ တစ်ယောက်တည်း ကြိတ်ငိုခဲ့ရတဲ့ အဖြစ်မျိုးရော ရှိခဲ့ဖူးပါသလား။

ဂျပန်-မဲခေါင် အပျော်တမ်း လူငယ်ဒါရိုက်တာပြိုင်ပွဲ လုပ်မယ်ဆိုတာကို မီဒီယာမှာ တော်တော် နောက်ကျပြီးမှ ဖော်ပြတာကို တွေ့ရပါတယ်။ ကျွန်တော်က စပ်စပ်စုစုနဲ့ အဲမှာ ဝင်ပြိုင်ကြတဲ့ လူငယ်တွေကို မေးကြည့်ပါတယ်။

“ဘယ်လိုလဲ။ ရိုက်ဖို့ရော အချိန်မီကြရဲ့လား။ ကင်မရာ ၅လုံး ငှားတယ်ဆို..။”

“အချိန်သိပ်မမီပါဘူးဗျာ။ ကင်မရာတွေကလည်း သူများတွေ ငှားထားကြပြီး တော်တော်နဲ့ ပြန်မပေးကြတာနဲ့ ကိုယ့်ဟာကိုယ်ပဲ ရှာဖွေပြီး ရိုက်လိုက်ရတယ်။”

“၄၄ ယောက် ဝင်ပြိုင်တယ်ဆို… ဘယ်နှကားလဲ.. ဆုကရော ဘယ်လိုပေးမှာတဲ့လဲ..”

“ဆုက မြန်မာပြည်အတွက် ၂ဝ သတ်မှတ်ပြီးသား… စုစုပေါင်း ၅၉ ကား ဝင်ပြိုင်ကြတယ်… အဲဒီထဲကမှ ပယ်သင့်တာပယ်ပြီး ကား ၃ဝ လောက်ကိုပဲ ပို့ပေးမယ်တဲ့..”

ကျွန်တော်စိတ်ထဲ တမျိုးဖြစ်သွားပါတယ်။ ဘယ့်နှယ် ကလေးတွေရိုက်တာကို ဘာအကြောင်းပြပြီး ပယ်မှာလဲ..။ ဒီမှာပယ်လိုက်တဲ့ကားဟာ တခြားလူအမြင်မှာ ဆုရသင့်တဲ့ ကား ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါ ကြောင်းကျိုးဆီလျော်မှု မရှိဘူး။ အနုပညာရှင်တွေဟာ ကိုယ်ဖန်တီးလိုက်တဲ့ စာတစ်ကြောင်း၊ ဖလင်တစ်ကွက်ပဲဖြစ်ဖြစ် ဆင်ဆာအကြောင်းပြ ဖြတ်လိုက်တယ်ဆိုရင် အင်မတန်မှ စိတ်ပျက် စိတ်ထိခိုက်ရပါတယ်။ တစ်ကားလုံးသာ အဖြတ်ခံရတယ်ဆို စဉ်းစားသာ ကြည့်ပါတော့။ သူတို့က ဆုပေးတဲ့ ဂျူရီတွေလည်း မဟုတ်ဘူး။ ဒီလို ရမ်းသမ်းလုပ်ခွင့် ရှိကိုမရှိတာ။

အဲဒါနဲ့ တခြားကိစ္စတွေနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ ဒီနေ့တော့ အွန်လိုင်းမှာ ဟိုလှန်ဒီလှောရင်း အဲဒီ သတင်းလေးကို တွေ့လို့ ဖတ်လိုက်မိတယ်။ ၁၈ ယောက်ပဲ အရွေးခံရတယ်ဆိုတော့  ဟင် ဘယ်လိုလဲဟ ဆိုပြီးတောင် ရေရွတ်မိတယ်။ အဲဒါနဲ့ ဝင်ပြိုင်တဲ့ကလေးတစ်ယောက်ကို အွန်လိုင်းမှာတွေ့တော့ လှမ်းမေးလိုက်တယ်။

“ဟေ့… ဘယ်လိုလဲကွ..”

“မပြောချင်တော့ပါဘူး ကိုကြီးရာ… ဆင်ဆာလူကြီးတွေက စုစုပေါင်း ကားနှစ်ဆယ်ပဲ ရွေးပြီး ပို့လိုက်တယ်လေ.. ဂျပန်မှာ အဲဒီထဲက နှစ်ကား ပြုတ်တာပေါ့.. ကျနော့်ကားကတော့ ဒီမှာကတည်းက ပြုတ်သွားတာပေါ့… ထူးပြီးတော့ မခံစားးရတော့ပါဘူး ကိုကြီးရယ်..”

ဖြစ်မှဖြစ်ရလေကွယ်။ မခံစားရဘူးဆိုတဲ့ လေသံဟာ တုန်ရင်အက်ကွဲနေပါလား။ စုစုပေါင်း ကားနှစ်ဆယ်ပဲ ရွေးတယ်ဆိုတော့ ဆုရမဲ့ကားနှစ်ဆယ်ကို ဂျူရီအဖွဲ့က မဆုံးဖြတ်ခင် ကြိုဆုံးဖြတ်ပေးလိုက်ကြတာပေါ့လေ..။ လုပ်ရက်လိုက်တာ။ ဒါ အနာဂတ်ကို လှမ်းမျှော်ကြည့်နေတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်ကို မပျံနိုင်ခင် အကျဉ်းချထားလိုက်တာနဲ့ အတူတူပါပဲ။ ဆင်ဆာအဖွဲ့ မျက်စိထဲမှာ မသင့်တော်ဘူး ထင်ပေမယ့် တခြားလူတွေမျက်စိထဲမှာ Masterpiece ဖြစ်ရင်ဖြစ်နေမှာပေါ့။ အနုပညာဟာ လူကိုလိုက်ပြီး ခံစားမှုပုံစံ ပြောင်းလဲတတ်တဲ့ နူးညံ့တဲ့အရာတစ်ခုဖြစ်တယ်။ တကယ်အရည်အချင်းရှိတဲ့ လူငယ်တွေ ဆု ရတာမရတာ အပထား… ဂျပန်ကို အခွေတွေ ရောက်တဲ့အထိ စိတ်ကူးယဉ်ခွင့်တောင် လွတ်လွတ်လပ်လပ် မပေးတဲ့ ကိစ္စဟာ အင်မတန်ကြီးမားတဲ့ ပြဿနာဖြစ်တယ်။ အထူးသဖြင့် မီဒီယာလို လူထုကို လွှမ်းမိုးနိုင်တဲ့ နယ်ပယ်မှာ မလိုလားအပ်တဲ့ ကန့်သတ်မှုတွေဟာ ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းကို အဆိပ်ခပ်လိုက်တာပါပဲ။

မြန်မာ့ ဆင်ဆာနဲ့ ပတ်သက်တဲ့ သတင်းတွေ ရှာဖတ်လိုက်တော့ ဒီ ပြိုင်ပွဲလေးတစ်ခုတည်းမှာတင်မဟုတ် ဘယ်နိုင်ငံတကာ ပြိုင်ပွဲမှာ ဝင်ပြိုင်ပြိုင် ဆင်ဆာအဖွဲ့ကို ဖြတ်သန်းပြီးမှသာ သွားရမယ်ဆိုပါတယ်။ အင်မတန်မှ နာကျင်ရပါတယ်။ အနာဂတ်ရဲ့ ပန်းလေးတွေ ကတ်ကြေးစာဘေးက ကင်းလွတ်နိုင်ကြပါစေ။

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.