Heavy 3D

တစ်ခါက ခရီးသွားတစ်ယောက်ဟာ ဆန်အိတ်ကြီးတစ်အိတ်ကို ထမ်းလာရင်း လေးလွန်းလို့ ညည်းညူနေသတဲ့။ သူနဲ့ ခရီးအတူသွားနေတဲ့ အဘိုးအိုက ပေါ့စေချင်ရင် ကျောက်တုံးတစ်တုံးကို ဆန်အိတ်ထဲ ကောက်ထည့်သွား လို့ အကြံပေးပါသတဲ့။ ခရီးသွားလည်း အဖိုးအို ပြောတဲ့အတိုင်း ( မိုက်ပ.. ပုံပြင်ကြိုဖတ်ထား ပြီးရော) ကျောက်တုံးကို ဆန်အိတ်ထဲ ကောက်ထည့်ပြီးသွားတာ တအောင့်လောက်လဲ ကြာရော ခြေကုန်လက်ပမ်းကျပြီး အဘိုးအိုကို ချောက်တွန်းရကောင်းလားဆိုပြီး အပြစ်တင်သတဲ့။ အဲတော့မှ အဘိုးအိုက ကျောက်တုံးကို ပစ်ချဖို့ ပြောပါသတဲ့။ ကျောက်တုံးမရှိတော့တဲ့နောက် ဆန်အိတ်ဟာ အင်မတန်ပေါ့သွားတာကို အံ့ဩဖွယ် တွေ့ရှိရသတဲ့။

One of 16 cameras Setup in a single scene of Adria

Adria: One of 16 camera Setups in a single scene

တစ်ခါတစ်လေ 3D ဆွဲတဲ့လူတွေ ကြုံရတဲ့ ပြဿနာက Scene ထဲမှာ Polygon Load တွေ မတရားများနေတတ်တာ။ View ကို Pan ဆွဲကြည့်ဖို့တောင် ခက်နေတတ်တယ်။ ဒီလို 3D Overload ဖြစ်တာကို Hardware အဆင့်မြှင့်စရာ မလိုဘဲ နည်းလမ်းတချို့နဲ့ အလွယ်တကူ ဖြေရှင်းနိုင်တယ်။

ကျွန်တော်သုံးနေကျ Tips တွေထဲက တချို့ကို ပြောရမယ်ဆိုရင်
၁။ ပစ္စည်းတွေ အများကြီးစုနေတဲ့ အရာမျိုး (ဥပမာ – စားပွဲ ကုလားထိုင် Setting ) ကို Group လုပ်ထားပါ။
၂။ Polygon နည်းနည်းမြင့်တဲ့ ပစ္စည်းတွေကို bounding box အဖြစ် ပြောင်းထားပါ။ 3D Memory ခြွေတာရာ ရောက်တယ်။
၃။ Polygon အရမ်းမြင့်တဲ့ ပစ္စည်းတွေကို Proxy object လုပ်ထားပါ။ V-ray သုံးရင် V-ray Proxy လုပ်ပါ။ Render Memory Overload က ကာကွယ်ပေးတယ်။ Max File ကိုယ်တိုင်ကို လျှော့ချရာရောက်တယ်။ 3D အနေနဲ့လည်း ပေါ့သွားတယ်။
၄။ Camera နဲ့ Reflection မှာ မပေါ်တဲ့ ပစ္စည်းတွေကို Hide လုပ်ထားပါ။
၅။ Camera နဲ့ ဝေးတဲ့ ပစ္စည်းတွေကို Multires သုံးပြီး Polygon လျှော့ချပါ။
၆။ ပစ္စည်းတိုင်းကို Unique Name ပေးထားပါ။ ရေရှည်မှာ ရှုပ်ထွေးမှုတွေကို လျှော့ချနိုင်တယ်။

On the Press

အသစ်ဆောက်မယ့် MDIS Campus အတွက် အခန်းတွေလုပ်တော့ တော်တော် စိတ်ချမ်းသာရပါတယ်။ လွယ်လည်းလွယ် ၊ Render ကလည်းမြန် ဆိုတော့။

MDIS Bunkbed

MDIS Bunkbed

ဒါကတော့ စင်္ကာပူ Strait Times မှာ ဖော်ပြခံရဖူးတဲ့ 3D perspective ပုံ ဖြစ်ပါတယ်။

MDIS News Page

MDIS News Page

Once in a while, being featured in a newspaper is not bad at all. I’ll keep that as a memo.

Spiral Staircases

ကြောင်လိမ်လှေကားဆိုတာ အမြင်အရ သာ ကြီးကျယ် ခမ်းနားတာ။ 3D နဲ့ ဆွဲတော့ အင်မတန် လက်ပေါက်ကတ်အောင် ဆွဲရတယ်။ Modeling တစ်ခုထဲတင် အချိန် အများစု ယူသွားတယ်။

Kenny Hills: Duta Grande - Grand Staircase

Kenny Hills: Duta Grande - Grand Staircase

ဒီပုံကိုဆွဲတော့ လှေကားထစ်တစ်ခုနဲ့ လက်ရန်းတစ်ခုကို အသေးစိတ် Model လုပ်လိုက်တယ်။ နောက် လိုအပ်တဲ့ အမြင့်ရအောင် တဖြောင့်တည်း တန်းစီပြီး Copy ကူးလိုက်တယ်။ အားလုံးကို Group လုပ်ပြီး FFD Box Modifier ပေးတယ်။ အမြင့် ပြန်ညှိတယ်။ Bend Modifier ထပ်ပေးတယ်။ Gizmo ကို နည်းနည်း ကစားပေးလိုက်တယ်။

Kenny Hills Grand Staircase 3D

Kenny Hills Grand Staircase 3D

ကြားထဲမှာ Horizontal အဆင့်တစ်ခုရှိတော့ အဲဒီနေရာအတွက် Edit Mesh ထပ်ပေးတယ်။ လက်ရန်းနဲ့ လှေကားထစ်တွေ အကုန်လုံးကို Vertex Level တစ်ခုချင်းဆီ သေချာလိုက်ညှိတယ်။ ကော်ဇောအတွက် Plane တစ်ခုကို Bend လုပ်တယ်။ Segment level ကို လှေကားထစ်တွေနဲ့ ညီအောင် Plan View မှာ လိုက်ညှိတယ်။ နောက် Edit Mesh ထပ်ပေးတယ်။ Edge တွေကို Chamfer လုပ်ပြီး Segment တွေ ပွားယူတယ်။ လှေကားထစ်နေရာတွေအတွက် တစ်ထစ်ချင်းဆီ ဆွဲမြှင့်တယ်။ UVW ကို Bend အောက်ကို ဆွဲထည့်လိုက်တယ်။ အပေါ်ဆုံးက Unwrap UVW တစ်ခုပေးပြီး အသေးစိတ်တွေ ပြန်ညှိတယ်။

Modeling ကအချိန်ကုန်ပေမယ့် Render က အင်မတန်မြန်တယ်။ ၁၅ မိနစ်။

Adria Spiral Staircase

Adria Spiral Staircase

ဒါက FarEast: Adria အတွက် ရှေးဦး အဆိုပြုချက်တွေထဲက တစ်ခု။ ပိုလက်ဝင်တယ်။ Metal တွေကြောင့် Render Time လည်း ပိုကြာတယ်။ နောက်တော့ Archi သမားတွေ ဟိုပြောင်းဒီပြောင်းလုပ်တာနဲ့ လှေကားပေါက် ပျောက်သွားတယ်။ သေရော။ လုပ်လိုက်ရတာ ဖတ်ဖတ်မော။

Tomo Izakaya at Clarke Quay

တိုမို ဂျပန်စားသောက်ဆိုင်ရဲ့ အပြင်ဘက်။ နေရာက Clarke Quay ။ ရိုက်ထားတဲ့ပုံက လိုက်တင်မရှိ ကာလာမကောင်း မြင်တဲ့အတိုင်းပဲ။

Tomo Plain Photo

Tomo Plain Photo

Camera Match လုပ်ဖို့ အတိုင်းအတာလည်းမပါ။ Mark Point တွေလည်းရေးမထား။ ဒီဓာတ်ပုံနဲ့ Autocad Plan ပဲရှိတော့ ကြိုးစားပြီး Camera Match လုပ်လိုက်တယ်။

Tomo Outside Plan

Tomo Outside Plan

Tomo Outside 3D

Tomo Outside 3D

Photoshop ထဲမှာ ကစားလိုက်တော့ သိပ်မဆိုးတဲ့ ရလဒ်ထွက်လာတယ်။

Tomo Outside

Tomo Outside

ဒါတွေက တခြား Angle ညအချိန်။

Tomo Outside Night

Tomo Outside Night

Modeling Stones was pain in the ass. ဝါးလုံးတွေ ကြိုးချည်ထားတာလည်း ဝါးနဲ့ ကြိုး Texture ရှာမရလို့ တော်တော်  လုပ်ယူလိုက်ရတယ်။ ဒါပေမယ့် ရအောင်ဆွဲနိုင်ခဲ့တယ်။

Tomo Inside3D1

Tomo Inside3D1

Tomo Inside3D2

Tomo Inside3D2

ဒါတွေက ဆိုင်ရဲ့အတွင်းဘက်။

Tomo Inside1

Tomo Inside1

Tomo Inside2

Tomo Inside2

ဒီဆိုင်နဲ့ ဒီဇိုင်နာက Asia Pacific Property Awards 2009 ရသွားတယ်။ :D

Vivace: Herritage Bathroom Interior Perspective

Vivace ရဲ့ Herritage Bathroom Interior Design က ကျွန်တော်အကြိုက်ဆုံး ပုံတွေထဲက တစ်ပုံ။

တကယ်ဆောက်တော့ ဒီဇိုင်းက အမျိုးစုံ ထပ်ပြောင်းသေးတယ်။ ထားတော့။ ဒီရေချိုးခန်းကိုကြည့်ရင်းနဲ့ ကြွယ်ဝမှု၊ တည်ငြိမ်မှုကို ခံစားရတယ်လို့ ထင်မိတယ်။ နောက်ဒီဇိုင်းတွေအတွက် ထပ်ပြင်တော့ သိပ်ခံစားလို့ မရတော့ဘူး။

Vivace Bath 3D

Vivace Bath 3D

Scene က အသေးစိတ်ပေမယ့် သိပ်မလေးဘူး။ ဒီပုံမှာ 3D Render က ပုံမှန်ပဲ။ Render time 30 min လောက်ပဲ ရှိတယ်။ Photoshop Retouching ကိုတော့ စိတ်ကြိုက် အချိန်ယူပြီး လုပ်ခဲ့တယ်။

Vivace Bathroom

Vivace Bathroom

ဒါက Final Output … ဘယ်လိုလဲ… ဗိုက်နာသလိုလို ရေချိုးချင်သလိုလို ဖြစ်သွားပြီလား။ :)

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.