I usually do not read terms and conditions thoroughly when installing a new software. It must be a bad habit.
As usual, I sketched this on the back of a used paper, scanned it and cleaned it in photoshop. I noticed my drawing style was leaning to manga style. I thought it’s because I read a lot of Japanese manga lately. But I want to try old western comic color this time. So I carefully chose the color palette. And here’s the result. I found that the big guy got character of his own :P .
ကလေးတွေ ကလေးcharacter တွေ ရွှင်ပျသွက်လက်မှုတွေ ပြချင်တဲ့ အခါ အရောင်မှိုင်းတွေ Deep color တွေ tone တွေ သုံးလို့ မသင့်တော်ပေဘူးလေ။ Target Audiences က ကလေးတွေကို ရည်ရွယ်ခဲ့တဲ့ တစ်ခုမို့ ဒီနေရာမှာ အရွှင်အပျ အရောင်တွေ ( အရောင်နုတွေနဲ့ ချစ်စရာဖြစ်အောင်ဖွဲ့စည်းခဲ့တယ်။ ရေးနေရင်း သပြေသီးကောက်ကဗျာလေးကို ရွတ်နေခဲ့မိတယ်။ အရောင် dominance နဲ့ Unity ဖြစ်ဖို့ ကြိုးစားထားပါ၏။ ရေးတာကတော့ လက်နဲ့ ခဲကောက်scan တင်ပြီး photoshop brush တွေနဲ့ ပွတ်ကြည့်တာပေါ့။
ဒါကတော့ ကလေးတွေအတွက် ရည်ရွယ်တဲ့ story လေး အတွက်ရေးဆွဲခဲ့တဲ့ cover တစ်ခု။
အဆော့သန်တဲ့ ဘုန်းကြီးကျောင်းသား။
ဆွမ်းခံကြွနေသောကိုရင်လေးများ။
အရွှင်အပြအရသာလေးတွေသီးသန့်ခံစားနိုင်ရန်အတွက် Blog လေးတွေ ခွဲပြီးတင်နေခြင်းဖြစ်ပါကြောင်း။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မြန်မာပြည်ပြန်တော့ ဇာတိမြို့လေးဖြစ်တဲ့ ကျောက်ဖြူကို ရောက်ခဲ့တယ်။ ကျောက်ဖြူကို ဖြတ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်မယ့် စီမံကိန်းကြောင့် ရုတ်တရက် စီးပွားရေး Boom ဖြစ်နေတာ တွေ့ခဲ့ရတယ်။ ဆွေးမြေ့နေတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ ပြန်စနေတယ်ဆိုတဲ့ အသံလည်း ကြားခဲ့ရတယ်။ အားလုံးရဲ့လက်သည်ကတော့ ပေါက်ဖော်ကြီးပါပဲ။
ရောက်တုန်းရောက်ခိုက် Youtube တင်မယ်ဆိုတဲ့စိတ်ကူးနဲ့ ကျောက်ဖြူမှတ်တမ်း Clip လေးတွေ ရိုက်လာခဲ့တာ ခုထိ Edit မလုပ်ရသေးဘူး။ ဒီပုံကတော့ ကျောက်ဖြူရဲ့ အထင်ကရ နတ်ကျောက် ပါ။ နတ်ကြီးတယ်လို့ နာမည်ကြီးတဲ့ အင်မတန်လှတဲ့ ကျောက်ဆောင်နဲ့ လျှိုမြောင်တွေ ရှိတယ်။ ဒါပေမယ့် အဲဒီကို သွားတော့ ဓာတ်ပုံသွားရိုက်တာမဟုတ်ဘူး။ ဓနိရည် သွားသောက်တာ။ :P
အရင် ငွေဆောင်ပုံလိုပဲ Hugin သုံးပြီး ပုံကိုးပုံကို ပြန်ဆက်ထားတယ်။
View Larger Map
Proudly powered by WordPress
Theme: Esquire by Matthew Buchanan.