Ivy Generator


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

မိမိရဲ့ 3D Scene အတွက် ရှုပ်ထွေးပွေလီတဲ့ နွယ်ပင်နွယ်ခက်တွေ လိုချင်ပါသလား။ Ivy Generator ဆိုတဲ့ Open Source Software ပေါက်စလေးရှိကြောင်း လက်တို့လိုက်ပါရစေ။

သူ့ရဲ့ရည်ရွယ်ရင်းက သဘာဝကျကျရှုပ်ရှက်ခတ်နေတဲ့ နွယ်ပင်တွေ ကျပန်းထုတ်လုပ်ပေးဖို့ဖြစ်တယ်။ သူ့ရဲ့အရွက်တွေဟာ လေးထောင့်ပြား Square Plane ဖြစ်တဲ့အတွက် Alpha Channel ပါတဲ့ ဘယ် Texture မဆို သုံးလို့ရတယ်။ သူ့ Software လေးထဲမှာ နွယ်ပင်တွေပေါက်လာတာ ကြည့်ရတာနဲ့တင် စမ်းကြည့်ရကျိုးနပ်တယ်လို့ ပြောရမယ်။

သူ့ရဲ့ Export Import Format က obj နဲ့ mtl ဖြစ်တယ်။ နွယ်ပင်တွေအများကြီးဖြစ်သွားရင်တော့ Import မှာ တော်တော်နှေးလိမ့်မယ်။ V-ray သမားတွေဆိုရင်တော့ Scene ပေါ့စေဖို့ V-ray Proxy သုံးဖို့ လိုပါလိမ့်မယ်။

ဒါကတော့ Botanic Garden ကားပါကင်က စားသောက်ဆိုင်ရဲ့ အောက်ဒိုး Scene တွေထဲက တစ်ခုဖြစ်တယ်။ Botanic Garden ဘက် နံရံပေါ်က နွယ်တွေကို Ivy Generator နဲ့ ထုတ်ထားတာဖြစ်တယ်။ Render မြန်အောင် Anti-aliasing ပိတ်ထားတဲ့အတွက် ပုံက အနီးကပ်ကြည့်ရင် Pixel ထောင့်တွေထနေတာ တွေ့ရလိမ့်မယ်။

Botanic Garden Ivy

Botanic Garden Ivy

HDB Living Room


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

ကိုမောင်ဆန်း ဝေမျှတာကြည့်ပြီး…ကျွန်တော်လဲ တတ်သလောက်ဝေမျှတာပါ… အခုလုပ်ထားတာလေးက autocad ထဲမှာ 2d ကို plan နဲ့ elevation တွေ အကုန်ဆွဲ..ပြီးတာနဲ့ max ထဲကနေ import နဲ့ ခေါ်ထည့်ပြီး….max ထဲမှာ အဲဒီ 2d တွေကို snap ကောက်ပြီး.. အတိအကျ model ဆောက် ..နောက် vray နဲ့ material တွေကပ် ..render ချထားတာပါ.. ဒါ HDB flat တစ်ခု အတွက် လုပ်ပေးထားတာပါ…ကန့်သတ်ချက်တွေကြားထဲက ရသမျှကောင်း အောင်ကြိုးစားရပါတယ်….ဒီပုံမှာ..အဓိကက lighting ပါ…မနက် စောစောနေရောင်နဲ့ ..ညကထွန်းခဲ့လို့ မပိတ်ရသေးတဲ့ artificial lights တွေ နဲ့ ချိန်ပြီး လုပ်ထားတာပါ…..ပြီးမှ photoediting အနေနဲ့ Picasa ထဲမှာ ..Glow , B&W effect လေးထည့်ထားတာပါ…

Glow living room

Glow living room

Heavy 3D


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

တစ်ခါက ခရီးသွားတစ်ယောက်ဟာ ဆန်အိတ်ကြီးတစ်အိတ်ကို ထမ်းလာရင်း လေးလွန်းလို့ ညည်းညူနေသတဲ့။ သူနဲ့ ခရီးအတူသွားနေတဲ့ အဘိုးအိုက ပေါ့စေချင်ရင် ကျောက်တုံးတစ်တုံးကို ဆန်အိတ်ထဲ ကောက်ထည့်သွား လို့ အကြံပေးပါသတဲ့။ ခရီးသွားလည်း အဖိုးအို ပြောတဲ့အတိုင်း ( မိုက်ပ.. ပုံပြင်ကြိုဖတ်ထား ပြီးရော) ကျောက်တုံးကို ဆန်အိတ်ထဲ ကောက်ထည့်ပြီးသွားတာ တအောင့်လောက်လဲ ကြာရော ခြေကုန်လက်ပမ်းကျပြီး အဘိုးအိုကို ချောက်တွန်းရကောင်းလားဆိုပြီး အပြစ်တင်သတဲ့။ အဲတော့မှ အဘိုးအိုက ကျောက်တုံးကို ပစ်ချဖို့ ပြောပါသတဲ့။ ကျောက်တုံးမရှိတော့တဲ့နောက် ဆန်အိတ်ဟာ အင်မတန်ပေါ့သွားတာကို အံ့ဩဖွယ် တွေ့ရှိရသတဲ့။

One of 16 cameras Setup in a single scene of Adria

Adria: One of 16 camera Setups in a single scene

တစ်ခါတစ်လေ 3D ဆွဲတဲ့လူတွေ ကြုံရတဲ့ ပြဿနာက Scene ထဲမှာ Polygon Load တွေ မတရားများနေတတ်တာ။ View ကို Pan ဆွဲကြည့်ဖို့တောင် ခက်နေတတ်တယ်။ ဒီလို 3D Overload ဖြစ်တာကို Hardware အဆင့်မြှင့်စရာ မလိုဘဲ နည်းလမ်းတချို့နဲ့ အလွယ်တကူ ဖြေရှင်းနိုင်တယ်။

ကျွန်တော်သုံးနေကျ Tips တွေထဲက တချို့ကို ပြောရမယ်ဆိုရင်
၁။ ပစ္စည်းတွေ အများကြီးစုနေတဲ့ အရာမျိုး (ဥပမာ – စားပွဲ ကုလားထိုင် Setting ) ကို Group လုပ်ထားပါ။
၂။ Polygon နည်းနည်းမြင့်တဲ့ ပစ္စည်းတွေကို bounding box အဖြစ် ပြောင်းထားပါ။ 3D Memory ခြွေတာရာ ရောက်တယ်။
၃။ Polygon အရမ်းမြင့်တဲ့ ပစ္စည်းတွေကို Proxy object လုပ်ထားပါ။ V-ray သုံးရင် V-ray Proxy လုပ်ပါ။ Render Memory Overload က ကာကွယ်ပေးတယ်။ Max File ကိုယ်တိုင်ကို လျှော့ချရာရောက်တယ်။ 3D အနေနဲ့လည်း ပေါ့သွားတယ်။
၄။ Camera နဲ့ Reflection မှာ မပေါ်တဲ့ ပစ္စည်းတွေကို Hide လုပ်ထားပါ။
၅။ Camera နဲ့ ဝေးတဲ့ ပစ္စည်းတွေကို Multires သုံးပြီး Polygon လျှော့ချပါ။
၆။ ပစ္စည်းတိုင်းကို Unique Name ပေးထားပါ။ ရေရှည်မှာ ရှုပ်ထွေးမှုတွေကို လျှော့ချနိုင်တယ်။

On the Press


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

အသစ်ဆောက်မယ့် MDIS Campus အတွက် အခန်းတွေလုပ်တော့ တော်တော် စိတ်ချမ်းသာရပါတယ်။ လွယ်လည်းလွယ် ၊ Render ကလည်းမြန် ဆိုတော့။

MDIS Bunkbed

MDIS Bunkbed

ဒါကတော့ စင်္ကာပူ Strait Times မှာ ဖော်ပြခံရဖူးတဲ့ 3D perspective ပုံ ဖြစ်ပါတယ်။

MDIS News Page

MDIS News Page

Once in a while, being featured in a newspaper is not bad at all. I’ll keep that as a memo.

Spiral Staircases


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

ကြောင်လိမ်လှေကားဆိုတာ အမြင်အရ သာ ကြီးကျယ် ခမ်းနားတာ။ 3D နဲ့ ဆွဲတော့ အင်မတန် လက်ပေါက်ကတ်အောင် ဆွဲရတယ်။ Modeling တစ်ခုထဲတင် အချိန် အများစု ယူသွားတယ်။

Kenny Hills: Duta Grande - Grand Staircase

Kenny Hills: Duta Grande - Grand Staircase

ဒီပုံကိုဆွဲတော့ လှေကားထစ်တစ်ခုနဲ့ လက်ရန်းတစ်ခုကို အသေးစိတ် Model လုပ်လိုက်တယ်။ နောက် လိုအပ်တဲ့ အမြင့်ရအောင် တဖြောင့်တည်း တန်းစီပြီး Copy ကူးလိုက်တယ်။ အားလုံးကို Group လုပ်ပြီး FFD Box Modifier ပေးတယ်။ အမြင့် ပြန်ညှိတယ်။ Bend Modifier ထပ်ပေးတယ်။ Gizmo ကို နည်းနည်း ကစားပေးလိုက်တယ်။

Kenny Hills Grand Staircase 3D

Kenny Hills Grand Staircase 3D

ကြားထဲမှာ Horizontal အဆင့်တစ်ခုရှိတော့ အဲဒီနေရာအတွက် Edit Mesh ထပ်ပေးတယ်။ လက်ရန်းနဲ့ လှေကားထစ်တွေ အကုန်လုံးကို Vertex Level တစ်ခုချင်းဆီ သေချာလိုက်ညှိတယ်။ ကော်ဇောအတွက် Plane တစ်ခုကို Bend လုပ်တယ်။ Segment level ကို လှေကားထစ်တွေနဲ့ ညီအောင် Plan View မှာ လိုက်ညှိတယ်။ နောက် Edit Mesh ထပ်ပေးတယ်။ Edge တွေကို Chamfer လုပ်ပြီး Segment တွေ ပွားယူတယ်။ လှေကားထစ်နေရာတွေအတွက် တစ်ထစ်ချင်းဆီ ဆွဲမြှင့်တယ်။ UVW ကို Bend အောက်ကို ဆွဲထည့်လိုက်တယ်။ အပေါ်ဆုံးက Unwrap UVW တစ်ခုပေးပြီး အသေးစိတ်တွေ ပြန်ညှိတယ်။

Modeling ကအချိန်ကုန်ပေမယ့် Render က အင်မတန်မြန်တယ်။ ၁၅ မိနစ်။

Adria Spiral Staircase

Adria Spiral Staircase

ဒါက FarEast: Adria အတွက် ရှေးဦး အဆိုပြုချက်တွေထဲက တစ်ခု။ ပိုလက်ဝင်တယ်။ Metal တွေကြောင့် Render Time လည်း ပိုကြာတယ်။ နောက်တော့ Archi သမားတွေ ဟိုပြောင်းဒီပြောင်းလုပ်တာနဲ့ လှေကားပေါက် ပျောက်သွားတယ်။ သေရော။ လုပ်လိုက်ရတာ ဖတ်ဖတ်မော။

Tomo Izakaya at Clarke Quay


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

တိုမို ဂျပန်စားသောက်ဆိုင်ရဲ့ အပြင်ဘက်။ နေရာက Clarke Quay ။ ရိုက်ထားတဲ့ပုံက လိုက်တင်မရှိ ကာလာမကောင်း မြင်တဲ့အတိုင်းပဲ။

Tomo Plain Photo

Tomo Plain Photo

Camera Match လုပ်ဖို့ အတိုင်းအတာလည်းမပါ။ Mark Point တွေလည်းရေးမထား။ ဒီဓာတ်ပုံနဲ့ Autocad Plan ပဲရှိတော့ ကြိုးစားပြီး Camera Match လုပ်လိုက်တယ်။

Tomo Outside Plan

Tomo Outside Plan

Tomo Outside 3D

Tomo Outside 3D

Photoshop ထဲမှာ ကစားလိုက်တော့ သိပ်မဆိုးတဲ့ ရလဒ်ထွက်လာတယ်။

Tomo Outside

Tomo Outside

ဒါတွေက တခြား Angle ညအချိန်။

Tomo Outside Night

Tomo Outside Night

Modeling Stones was pain in the ass. ဝါးလုံးတွေ ကြိုးချည်ထားတာလည်း ဝါးနဲ့ ကြိုး Texture ရှာမရလို့ တော်တော်  လုပ်ယူလိုက်ရတယ်။ ဒါပေမယ့် ရအောင်ဆွဲနိုင်ခဲ့တယ်။

Tomo Inside3D1

Tomo Inside3D1

Tomo Inside3D2

Tomo Inside3D2

ဒါတွေက ဆိုင်ရဲ့အတွင်းဘက်။

Tomo Inside1

Tomo Inside1

Tomo Inside2

Tomo Inside2

ဒီဆိုင်နဲ့ ဒီဇိုင်နာက Asia Pacific Property Awards 2009 ရသွားတယ်။ :D

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.