Middle Way

Middle Way

Middle Way

I sketched this idea on my ideabook 8 months ago. Obviously, middle way doesn’t mean the middle of other people’s way. :)

How to Model a Chandelier

မီးပန်းဆိုင်းတွေကို ကြည့်လိုက်ရင် ရှုပ်ရှက်ခတ်နေတယ်လို့ ထင်ရမယ်။ 3D Scene ထဲမှာ ထည့်ဖို့ လိုလာရင် ဘာမှ ဆက်မလုပ်ချင်လောက်အောင် စိတ်ညစ်ဖို့ကောင်းတဲ့အလုပ်။ ဒါပေမယ့် မီးပန်းဆိုင်းဆွဲရတာ ထင်သလောက်မခက်လှ။ သူ့မှာ ပုံသေ ပုံစံတစ်ခုခုကို ဝင်ရိုးတစ်ခုခုပေါ်မှာ လှည့်ထားတတ်တာ ဖြစ်တဲ့အတွက် တစ်ဆင့်ချင်း အလွယ်တကူ ဆွဲလို့ ဖြစ်တယ်။

Chandelier Tutorial Fig - 01

Chandelier Tutorial Fig - 01

၁။ မီးပန်းဆိုင်းပုံကို Background/ Textured Plane ထားပါ။

Chandelier Tutorial Fig - 02

Chandelier Tutorial Fig - 02

၂။ အလယ်ဝင်ရိုးကို Line နဲ့ Trace လိုက်ပြီး Lathe Modifier ပေး၊ လှည့်လိုက်ပါ။ လိုအပ်ရင် အလယ်ဝင်ရိုးရဲ့ Objectတွေကို တစ်ခုချင်း ဆွဲပါ။

Chandelier Tutorial Fig - 03

Chandelier Tutorial Fig - 03

၃။ မောင်းတံ ဘယ်နှစ်မျိုးရှိလဲဆိုတာ သေချာကြည့်ပါ။ ရှိသမျှ မောင်းတံအမျိုးအစားတွေကို တစ်ခုစီ ဆွဲပါ။ ဒီနေရာမှာ အသေးစိတ်ဆွဲဖို့ လိုပါတယ်။

Chandelier Tutorial Fig - 04

Chandelier Tutorial Fig - 04

၄။ မောင်းတံမှာ ပါတဲ့ Object တွေကို Group လုပ်လိုက်ပါ။ Group ရဲ့ Pivot Center ကို ဝင်ရိုးအလယ်တည့်တည့်မှာ ထားပေးပါ။

Chandelier Tutorial Fig - 05

Chandelier Tutorial Fig - 05

၅။ နောက် မောင်းတံဘယ်နှခုရှိလဲ ခန့်မှန်းပါ။ ၃၆၀ ဒီကရီကို မောင်းတံအရေအတွက်နဲ့ စားပါ။ နောက် Rotate Tool ကိုသုံးပြီး စောစောက ရလာတဲ့ ဒီကရီအတိုင်းလှည့် Instance နဲ့ Copy ကူးပါ။ Copy အရေအတွက်ကို စုစုပေါင်း မောင်းတံအရေအတွက်ကနေ တစ် နှုတ်ပြီး ပေးပါ။ အဲဒီအတိုင်း ကျန်တဲ့ မောင်းတံ အမျိုးအစားတွေကို လိုက်လုပ်ပေးပါ။

Chandelier Tutorial Fig - 07

Chandelier Tutorial Fig - 07

ဒါဆိုရင် ရှုပ်လှပါတယ်ဆိုတဲ့ မီးပန်းဆိုင်းတစ်ခု ရပြီ။ ဘယ်နှယ့်လဲ လွယ်တယ် မဟုတ်လား။ ;P

Moroccan Chandelier

Chandelier in Moroccan Style Room

Autumn Deja Vu

ဒီပုလဲသွယ်
ကြိုးပြတ်မယ်ဆိုရင်
ခုအချိန်ပဲ။
စောင့်ရတယ် ဆိုတာမျိုးကို
မကြိုက်ပေမယ့်
အချစ်ပွင့်ဖို့
ငါဘယ်လောက် စောင့်နိုင်မှာလဲ။

(Idei Mitsuya)

I got inspired from this post of U Belu. I got an idea to make a simple scene by composing most of mappings I’ve seen.

(1) Two ready-made plants was imported into Max and adjust the camera angle and plants positions. While the red-leaf plant was the focus point, the green-leaf one was the support.
(2) The mappings of red leaves were extracted from the photo of the red leaves. I made the separated alpha channels too.
Plant Bali
(3) The leaf textures were mapped on 3D models as v-ray materials. Alpha channels were applied to opacity slots too. While reflection was on, refraction was off to reduce the render time.
(4) I quickly modeled the scattered stones and mapped with pebbles image. UVW mapping were adjusted with the planner mappings.
Textured pebbles
(5) Butterfly model was quick. I used line and extrude commands to model the wings. The butterfly body was line and loft. The antennae and legs were simple lines and edit mesh. They were mapped with the purple butterfly image. I give it a little animation to get a motion-blur effect. Wings were made transparent to be able to see through sunlight and shadow.
Butterfly
(6) I used the HD textures for grass and water. Grass was the enforced with displacement mapping. The water effect was quickly achieved by using noise mapping as a bump map.
(7) The cloudy sun image was used for sphere sky. You can only see a bit in the reflection of water. But it greatly affected overall GI. Yellow plants were used for the reflection of water.
Cloudy Sun
(8) I modeled the spider web using line command based on this spider web image. I used a low-res Geosphere to scatter as water drops on spider web. The scattered spheres count exceeded 5000 spheres. (Well, in the final image, you cannot really see. :P what a joke.)
Spider Web
(9) I threw some red fallen leaves on water. They were simple line and extrude models with a little noise modifier.
(10) A single v-ray sunlight was set. Environment color was set to be yellow-white to emulate the morning feel.
(11) After adjusting render settings to optimized medium, I rendered irradient and a light cache file. It was the pre-caution from unexpected crush of 3dsmax. Then there went a one hour render on my duel 4 core Xeon workstation.
(12) Using the magics of Photoshop, I retouched the image. The name was given as “Autumn Deja Vu” because I felt like it. It was really fun to do this little project.

Autumn Deja Vu

Autumn Deja Vu (Click on image for larger view)

1234 တစ်နှစ်သုံးလေး

“စာမတတ်သေးတဲ့ သုံးလေးနှစ်ရွယ် ကလေးလေးတွေ ကြည့်ပြီး အနည်းဆုံး ကိန်းဂဏန်း ရေတတ်သွားအောင် သင်ပေးနိုင်တဲ့၊ သင်နေတယ်လို့လည်း မခံစားရစေတဲ့ Animation တစ်ခုလုပ်ရမယ်။”

အဲဒီစကား အကြားမှာ အီလည်လည်ဖြစ်သွားတဲ့ ကျွန်တော့မျက်နှာ မြင်ယောင်သာ ကြည့်ပါတော့။ ကတိက ပေးပြီးသားဆိုတော့ မလုပ်လို့လည်း မဖြစ်။ အချိန်ကလည်း ကပ်နေပြီ။ အကြိတ်အနယ် ခေါင်းချင်းဆိုင် ဆွေးနွေးကြပြီးတဲ့နောက် သီချင်းနဲ့ ဇာတ်လမ်းကို အိုင်ဒီယာရသွားတယ်။ သမီးလေးနဲ့ အဖေကြီး လမ်းလျှောက်ထွက်လာရင်း လမ်းတစ်လျှောက်တွေ့တဲ့ နေ့စဉ်မြင်နေကျ အကောင်တွေ အသီးတွေရဲ့ အရေအတွက်ကို သမီးလေးကို သင်ပေးမယ်ပေါ့။

သီချင်းကို အားရပါးရလည်းစပ်ပြီးရော နံပါတ်ရှစ်ပြီး ကိုးမလာတော့ဘူး။ ဟာ ဘယ်လိုလုပ်ကြမလဲ။ သံစဉ်နဲ့ စာသားနဲ့လည်းကွက်တိ။ ဘယ်လိုမှ ထိုးထည့်လို့ မရတော့ဘူး။ အချိန်ကလည်းကပ်နေပြီ။ အဲဒီမှာ လူကြီးတစ်ယောက်က ထပြောတယ်။ ရပါတယ် ရှစ်လောက်ထိ သိလည်း ဆိုးပါဘူးတဲ့။ အဲဒါနဲ့ပဲ… ။

တေးရေးက လမင်း။ တေးဆိုက အဖေနေရာမှာ ကိုမင်းမင်း။ သမီးလေးနေရာမှာ ခင်လပြည့်ဝန်းဆိုတဲ့ ကလေးမလေးထင်တယ်။ Animator and everything else ကတော့ ကျွန်တော်။

နီးစပ်ရာလူဆီက မေးပေတော့… ရှစ်ပြီးရင် ဘာလဲ။ :D

1234 from Lionslayer on Vimeo.

တူတူကစားမယ်

ဒါလည်း နှစ်ရက်ခွဲလောက်နဲ့ အမြန်လုပ်ခဲ့ရတဲ့ Animation လေးတစ်ခု။

ကမ္ဘာပေါ်မှာ လူဆယ်ယောက်ရှိရင် တစ်ယောက်က Disable တဲ့။ ယောကျ်ားနဲ့ မိန်းမလူဦးရေကလည်း အချိုးတူလုနီးပါးရှိတယ်။ ဒီတော့ကာ Media တစ်ခုခုမှာ အားလုံး “all” ဆိုပြီးပြရင် ယောကျ်ားလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက်၊ Disable တစ်ယောက်အနည်းဆုံးပါသင့်တယ် ဆိုပါတယ်။

ဒီ Animation ထဲမှာတော့ Disable တွေဟာလည်း သာမာန်ကလေးတွေနဲ့ တူတူကစားခွင့် ပျော်ရွှင်ခွင့် ရှိပါတယ်ဆိုတာ ဦးစားပေးပြချင်တာဖြစ်ပါတယ်။ ပုံတွေနဲ့ အရောင်တွေကို FlashMx နဲ့ ဆွဲတယ်။ Animation အတော်များများကို 3DsMax နဲ့ ဆွဲတယ်။

Let’s PlayTogether from Lionslayer on Vimeo.

A Very First Myanmar 3D Animation

ကျွန်တော် 3DsMax စသုံးတော့ မှတ်မိသေးတယ် ကျနော့် ကွန်ပျူတာက Celeron 566, 128 MB RAM, On-board VGA ။ နောက်တော့ 64MB RAM တစ်ကဒ်ဝယ်ပြီး ထပ်စိုက်လိုက်တော့ 196MB ဖြစ်သွားရော။

2001 မတ်လ ထင်ပါရဲ့။ တပ်မတော်ခန်းမမှာ ကွန်ပျူတာပြပွဲလုပ်တော့ ပရော်ဖက်ဆာအဖွဲ့က သူတို့ကိုယ်တိုင် သရုပ်ဆောင် 3D လုပ်ထားတဲ့ Clip လေးပြနေတာ တွေ့တယ်။ စိတ်ထဲမှာ သူတို့လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမယ်ဆိုပြီးတော့ ဖြစ်လာတာပဲ။ ခါချဉ်ကောင် မာန်ကြီးပေမယ့် ခက်တာက ကွန်ပျူတာတစ်လုံးဝယ်ဖို့တောင် ငွေကြေး အင်အား မရှိဘူး ဖြစ်နေတယ်။

နောက်ဆုံးတော့ စိတ်ကို ဒုံးဒုံးချလိုက်ပြီး ပါပါမဆုံးခင် ဘဏ်ထဲမှာ စုပေးထားတဲ့ မုန့်ဖိုးငွေလေးနှစ်သိန်းခွဲကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျနော့်ဘဝရဲ့ ပထမဆုံး ကွန်ပျူတာလေးတစ်လုံးကို အရဲစွန့် ဝယ်လိုက်ပါတော့တယ်။

အဲဒီတုန်းက ကွန်ပျူတာဂရပ်ဖစ် အန်နီမေးရှင်းနဲ့ ပတ်သက်ပြီး သင်တန်းဖြစ်ဖြစ်မြောက်မြောက်ဆိုလို့ Forever Group တစ်ခုပဲ ရှိတာ။ မှတ်မိသလောက် သင်တန်းက Level ၃ခု ရှိတယ်ထင်တယ်။ Level တစ်ခုကို သင်တန်းကြေး ၂ သိန်းခွဲဆိုတော့ နေရစ်တော့ မြနှင်းရယ်ပေါ့။ စသုံးတော့ 3DsMax Version က 3.1 ။ အဲဒီတုန်းက ဒီခေတ်လို Ebook မြောက်မြောက်များများ လောက်လောက်လားလား မရှိသေးတော့ Software မှာပါတဲ့ Help File လေးကို ဖတ်ကာဖတ်ကာနဲ့ စမ်းတဝါးဝါး လုပ်ခဲ့ရတယ်။ ၈တန်းဆရာမ၊ ၉တန်းဆရာနဲ့ ဆရာဦးမြကြိုင်တို့ကို ကျနော့်ရဲ့ အင်္ဂလိပ်စာအရည်အချင်း အိုးနင်းခွက်နင်းဘဝကနေ ထမင်းစားရေသောက် မတောက်တခေါက်ဘဝထိရောက်အောင် သင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတို့။

အဲဒီတုန်းက ကွန်ပျူတာများ တစ်ခုခုဖြစ်ပြီဆို မလုပ်တတ်မကိုင်တတ်နဲ့ ကွန်ပျူတာဝယ်ခဲ့တဲ့ သိမ်ဖြူကို ပြေးပြေးပြရတာ အလုပ်တစ်လုပ်။ ခြောက်လလောက် ရမ်းသမ်းစမ်းသပ်ပြီးတဲ့နောက်မှာ သုံးမိနစ်စာ Animation လေးတစ်ခုကို စ လုပ်နိုင်ခဲ့တယ်။ အဲဒီတုန်းက ဗီဒီယို အော်ဒီယိုပိုင်းနဲ့ ပတ်သက်ပြီး ဘာမှအတွေ့အကြုံမရှိသေးတဲ့အတွက်ကြောင့် အားနည်းချက်များစွာနဲ့ပေမယ့် တော်တော်လေး အားရခဲ့တာ အမှန်ပါပဲ။

2001 နှစ်ကုန်ပိုင်း UFL စတက်တဲ့ အချိန်မှာပဲ အဲဒီ Animation လေးကို အပြီးသတ်နိုင်ခဲ့တယ်။ အဲဒါလေးကို တစ်နေရာရာမှာ ပြချင်တဲ့ စိတ်အား ထက်သန်မှုကလည်း အပြည့်။ အဲဒီတုန်းက ကျောင်းသားစုံညီပွဲလုပ်မယ်၊ ကျောင်းသားတွေရဲ့ လက်ရာကို ပြသနိုင်တယ်၊ တက္ကသိုလ်ကျောင်းတွေလည်း ပါဝင်နိုင်တယ်ဆိုလို့ မော်ကွန်းထိန်းကို အရဲကိုး မာန်တင်းပြီး သွားဆက်သွယ်ခဲ့ပါတယ်။ သူ့ဆီက စကားပြန်ကလည်း အားတက်စရာပါပဲ။ နေ့နေ့ညည မျှော်လင့်ချက်တွေနဲ့ အဲဒီနေ့လေးကို စောင့်ခဲ့ပေမယ့် နောက်ဆုံးမှာ ဘကြီးအောင်က ညာခဲ့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့ ဆုံးဖြတ်ချက်တွေကို ပိုပြတ်သားအောင် အကူအညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

ကျောင်းသားစုံညီပွဲမှာ ပြမယ်ဆိုတဲ့ စိတ်ကူး ပျက်ပြယ်သွားပြီးတဲ့နောက်မှာ စိတ်ထဲမှာ တစ်ကိုယ်လုံးခွန်အားမရှိတော့သလို ခံစားခဲ့ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အိပ်မက်တွေ စိတ်ကူးတွေနဲ့ မွှန်ထူနေတဲ့ ကျွန်တော် ဘာလုပ်တယ် ထင်ပါသလဲ။ ကျွန်တော့်ရဲ့ Animation လေးကို CD တစ်ချပ်ထဲထည့် စာတစ်စောင်ကောက်ရေးပြီး စာတိုက်ကိုသွားပါတယ်။ စာတိုက်က CD တွေက စာတိုက်ကြီးက Register လုပ်ပြီးမှ ပို့လို့ရတယ်ဆိုလို့ စာတိုက်ကြီးကို ထပ်သွားပြီးမှ ပို့လိုက်ရပြန်ပါတယ်။

ကျွန်တော်ပို့တဲ့လိပ်စာက “ညွှန်ကြားရေးမှုး၊ မြန်မာ့ရုပ်မြင်သံကြား၊ ပြည်လမ်း၊ ရန်ကုန်မြို့” အကြောင်းအရာက ” CD တွင်ပါရှိသော Animation ကို မြန်မာ့ရုပ်မြင်သံကြားမှ လွှင့်ပေးပါရန်” ။ ဟားဟား အဲဒီတုန်းက စိတ်ဓာတ်မျိုး တစ်ဝက်လောက် အခု ပြန်လိုချင်လိုက်တာ။ ရူးရူးမိုက်မိုက် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်ရာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အလျှံညီးညီးတောက်နေတဲ့ စိတ်ဓာတ်မျိုး။

ဒီဇင်ဘာ လကုန်ခါနီးထိ ဘာမှ စကားပြန်မရတဲ့အတွက် နောက်တစ်ခု ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက Animation တွေ အရှိန်အဟုန်နဲ့ ထုတ်ဖို့ကြိုးစားနေတဲ့ company တစ်ခု ရှိတယ်။ El`dorado တဲ့။ လူ့ခွစာ ကျွန်တော် ဘာလုပ်တယ် မှတ်ပါသလဲ။ အဲဒီကို ဖုန်းဆက်ပြီး ကျွန်တော် 3D Animation လုပ်နိုင်တယ်၊ အင်တာဗျူး လိုချင်ပါတယ်လို့ ပြောလိုက်တယ်။

ယုံချင်ယုံ မယုံချင်နေ။ အဲဒီကနေပဲ ကျနော့်ဘဝရဲ့ အလှည့်အပြောင်းတစ်ခု စခဲ့တယ်။ အဲဒီကပဲ လူတွေအများကြီးနဲ့ သိခဲ့ ရင်းနှီးခဲ့တယ်။ အင်တာဗျူးတဲ့နေ့မှာပဲ ကျနော့် Animation လေးဟာ 2002 ဇန်နဝါရီ ၉ ရက်မှာပဲ MRTV က လွှင့်မယ်ဆိုတာ သိခဲ့ရတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျနော့် Animation ကို လွှင့်ဖြစ်အောင် ကူညီပေးခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

အဲဒီ Animation လေးဟာ ကျနော့်ရဲ့ ပထမဆုံး Animation မက မြန်မာ့ ပထမဆုံး Short 3D Animation လည်း ဖြစ်ပါတယ်။

နာမည်က “ခဲတံလေးရဲ့ ည”။

Night of The Pencil from Lionslayer on Vimeo.

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.