3D Scene အတွက် မြက်ခင်းလုပ်မယ်ကြံတော့ ရုတ်တရက် ခေါင်းစားသွားပါတယ်။ ခပ်ဝေးဝေးကဆိုရင် မြက် Texture ကိုပေး၊ Bump ထည့်လိုက်ရုံနဲ့ ရပါပြီ။ မနီးမဝေးဆိုလည်း Displacement map လောက်သုံးရင် ရုပ်လုံးကြွပါတယ်။ အသေးစိတ်ပြထားရင်တော့ 3D Model အစစ်ကို သုံးမှပဲ ရပါတော့မယ်။
ပုံမှန် Scanline Rendering နဲ့ဆို Max မှာပါတဲ့ Hair and Fur ကို ကောက်သုံးလိုက်ရင်ရတယ်။ ဒါပေမယ့် Vray မှာ Hair and Fur ကို အရိပ်ကျပုံ မှန်အောင် Render လုပ်မရဘူး။ အဲဒါနဲ့ Plugin ကောင်းကောင်းတွေ အလကားရလေ့ရှိတဲ့ www.maxplugins.de ကိုသွားဖွလိုက်တော့ Grass-O-matic ဆိုတဲ့ plugin အသေးလေးတစ်ခု တွေ့တယ်။
စမ်းကြည့်တော့ တော်ရုံတန်ရုံမကအောင် ကောင်းတဲ့ plugin ဖြစ်တာကို တွေ့တယ်။ မြေမျက်နှာသွင်ပြင်၊ မြက်ရဲ့ အထူ အကွေး အဖျား၊ လေတိုက်နှုန်း စတာတွေထိ အသေးစိတ် ဝင်ညှိလို့ ရတာကိုတွေ့တယ်။ မြက်ပင်များများ လိုရင်တော့ 3D memory ကို ခြွေတာတဲ့အနေနဲ့ % of Blades မှာ ရာခိုင်နှုန်း လျှော့ချပေးဖို့တော့ လိုပါလိမ့်မယ်။ Animation မလိုဘူးဆိုရင်တော့ 3D object ကို Vray mesh export နဲ့ export ထုတ်ပြီး Vray proxy နဲ့ ပြန်သုံးလို့ ရပါတယ်။