Perspective

It’s difficult to judge a scene from a quick view or from a single angle. And the word “perspective” here is not about visual but about the way how people thinks.

Perspectives

Perspectives

Solution

Sometimes, we face the confusion in deciding what’s right and what’s wrong. While one side is right on it’s own reason, the other side is also right on it’s own. But there is only one truth. When judging with right or wrong is not enough sometimes, we need to find what suites us, the truth. That’s the morale that pushed me to draw this cartoon.

Solution

Solution

Autumn Deja Vu

ဒီပုလဲသွယ်
ကြိုးပြတ်မယ်ဆိုရင်
ခုအချိန်ပဲ။
စောင့်ရတယ် ဆိုတာမျိုးကို
မကြိုက်ပေမယ့်
အချစ်ပွင့်ဖို့
ငါဘယ်လောက် စောင့်နိုင်မှာလဲ။

(Idei Mitsuya)

I got inspired from this post of U Belu. I got an idea to make a simple scene by composing most of mappings I’ve seen.

(1) Two ready-made plants was imported into Max and adjust the camera angle and plants positions. While the red-leaf plant was the focus point, the green-leaf one was the support.
(2) The mappings of red leaves were extracted from the photo of the red leaves. I made the separated alpha channels too.
Plant Bali
(3) The leaf textures were mapped on 3D models as v-ray materials. Alpha channels were applied to opacity slots too. While reflection was on, refraction was off to reduce the render time.
(4) I quickly modeled the scattered stones and mapped with pebbles image. UVW mapping were adjusted with the planner mappings.
Textured pebbles
(5) Butterfly model was quick. I used line and extrude commands to model the wings. The butterfly body was line and loft. The antennae and legs were simple lines and edit mesh. They were mapped with the purple butterfly image. I give it a little animation to get a motion-blur effect. Wings were made transparent to be able to see through sunlight and shadow.
Butterfly
(6) I used the HD textures for grass and water. Grass was the enforced with displacement mapping. The water effect was quickly achieved by using noise mapping as a bump map.
(7) The cloudy sun image was used for sphere sky. You can only see a bit in the reflection of water. But it greatly affected overall GI. Yellow plants were used for the reflection of water.
Cloudy Sun
(8) I modeled the spider web using line command based on this spider web image. I used a low-res Geosphere to scatter as water drops on spider web. The scattered spheres count exceeded 5000 spheres. (Well, in the final image, you cannot really see. :P what a joke.)
Spider Web
(9) I threw some red fallen leaves on water. They were simple line and extrude models with a little noise modifier.
(10) A single v-ray sunlight was set. Environment color was set to be yellow-white to emulate the morning feel.
(11) After adjusting render settings to optimized medium, I rendered irradient and a light cache file. It was the pre-caution from unexpected crush of 3dsmax. Then there went a one hour render on my duel 4 core Xeon workstation.
(12) Using the magics of Photoshop, I retouched the image. The name was given as “Autumn Deja Vu” because I felt like it. It was really fun to do this little project.

Autumn Deja Vu

Autumn Deja Vu (Click on image for larger view)

ဘိုလီဗတ် အရှုပ်တော်ပုံ

တစ်နေ့တွင် ဝမ်းမရီနာ ဘိုလီဗတ်သို့ ဖော်မပါတစ်ကိုယ်တည်း ကင်မရာတစ်လုံး၊ ပေကြိုးတစ်ချောင်းဆွဲကာ ထွက်ခဲ့လေ၏။ အခါတိုင်းကား သူတပါးရိုက်လာပေးသော ဓာတ်ပုံ၊ အတိုင်းအတာ၊ Autocad Plan တို့ကို အခြေတည်ကာ 3D ပုံများ ဆွဲရသော်ငြား ယခုတွင် ကိုယ်စီကိုယ်စီ မအားမလပ်နိုင်အောင် ရှိကြသောကြောင့် တစ်ကိုယ်တော် ကြဲရတော့မည်။

သို့ဖြင့် ယင်းသို့ရောက်သော် လုံခြုံရေးအမျိုးသမီးကို ခွင့်တောင်းရ၏။ ယင်းကား အူကြောင်ကြောင်လုပ်နေသဖြင့် နောက်ဆုံးတွင် ကောင်တာမှ အမျိုးသမီးထံ ရောက်သွားလေ၏။

“ဓာတ်ပုံရိုက်မယ်နော်”
“အဟင်းဟင်း မောင်လေးကလည်း ဘာတွေ လာပြောနေတာလဲ”
“ဒီလော်ဘီကို ဓာတ်ပုံရိုက်မယ်လို့ ပြောတာခင်ဗျ”
မချောကား မျက်နှာတစ်ချက် တင်းသွားကာ သူ့ဘေးမှ အမျိုးသမီးနှင့် ကြိတ်ကြိတ်ကြိတ်ကြိတ် တိုင်ပင်လေ၏။ ယင်းနောက် ကျွန်ုပ်ဘက် ပြန်လှည့်လာလေသည်။

“ဓာတ်ပုံရိုက်ဖို့ ခွင့်မပြုနိုင်ပါဘူးရှင့်.. 12 ထပ်က အဆောက်အအုံထိန်းသိမ်းရေးက စာထုတ်ပေးမှ ရိုက်လို့ရမယ်”

သို့ဖြင့် ကျွန်ုပ်လည်း ၁၂ ထပ် တက်ရ၏။ အနှီပုဂ္ဂိုဟ်ကား သဘောကောင်းလှ၏။ သူအောက်ကလူတွေကို အကြောင်းကြားလိုက်မည်။ ရိုက်သာရိုက်ပါဟူ၏။ သို့နှင့် ကျွန်ုပ်လည်း အောက်ထပ် ပြန်ဆင်း၏။ ရိုက်မည်ပြု၏။ လုံခြုံရေးအမျိုးသမီးက လာတား၏။ ကောင်တာသို့ရောက်၏။ ကောင်တာမှ မချောနှင့် အခြေအတင် စကားများးကြ၏။ လုံခြုံရေးမှ လူကြီးရောက်လာ၏။ ကျွန်ုပ်က ရှင်းပြ၏။ ၁၂ ထပ်သို့ ဝေါ်ကီတော်ကီများဖြင့် လှမ်းဆက်ကြ၏။ အော်ကြ၏။ ပြောကြ၏။ အချင်းချင်းလည်း စကားများကြ၏။ နောက်ဆုံးတွင်ကား ရိုက်နိုင်ပါပြီဟူ၏။

ဤပုံကား ကျွန်ုပ်ကိုယ်တိုင် ရိုက်ကူးတိုင်းတာခဲ့သော အချက်အလက်များကို အခြေခံ၍ ဒီဇိုင်းဆွဲထားသောပုံဖြစ်လေတော့သတည်း။ :P

One Marina

အရွှင်အပျ အရောင်များနှင့်

ကလေးတွေ ကလေးcharacter တွေ ရွှင်ပျသွက်လက်မှုတွေ ပြချင်တဲ့ အခါ အရောင်မှိုင်းတွေ Deep color တွေ tone တွေ သုံးလို့ မသင့်တော်ပေဘူးလေ။ Target Audiences က ကလေးတွေကို ရည်ရွယ်ခဲ့တဲ့ တစ်ခုမို့ ဒီနေရာမှာ အရွှင်အပျ အရောင်တွေ ( အရောင်နုတွေနဲ့ ချစ်စရာဖြစ်အောင်ဖွဲ့စည်းခဲ့တယ်။ ရေးနေရင်း သပြေသီးကောက်ကဗျာလေးကို ရွတ်နေခဲ့မိတယ်။ အရောင် dominance နဲ့ Unity ဖြစ်ဖို့ ကြိုးစားထားပါ၏။ ရေးတာကတော့ လက်နဲ့ ခဲကောက်scan တင်ပြီး photoshop brush တွေနဲ့ ပွတ်ကြည့်တာပေါ့။

Warso

ဒါကတော့ ကလေးတွေအတွက် ရည်ရွယ်တဲ့ story လေး အတွက်ရေးဆွဲခဲ့တဲ့ cover တစ်ခု။

Miss Poem

အဆော့သန်တဲ့ ဘုန်းကြီးကျောင်းသား။

Playing Boy

ဆွမ်းခံကြွနေသောကိုရင်လေးများ။

Young Monks

အရွှင်အပြအရသာလေးတွေသီးသန့်ခံစားနိုင်ရန်အတွက် Blog လေးတွေ ခွဲပြီးတင်နေခြင်းဖြစ်ပါကြောင်း။

Original Post here.

စကားပြောသော မျဉ်းကြောင်းလေးများ

MTZO Lines

MTZO Lines

ကျွန်တော့ဆရာတယောက်ကစကားတခွန်းပြောဖူးပါတယ် “သန့်ဇင် ကိုယ်ဆွဲလိုက်တဲ့ မျဉ်းတကြောင်းဟာ တည်ဆောက်တဲ့နေရာမှာ ခက်ခဲနိုင်သလို အဲဒီမျဉ်းတကြောင်းခြင်းစီမှာ အဓိပ္ပါယ်တမျိုးစီရှိတယ်။ အဲဒီမျဉ်းတကြောင်း စီမှာရှိတဲ့ နေရာအသီးသီးဟာ လူ့ရဲ့ ခံစားမှုအာရုံကြောင့် သရုပ်လက္ခဏာ တနည်းအားဖြင့် ခံစားမှု ဖြစ်ပေါ်လာတယ်″ တဲ့။ ကျွန်တော်တို့ မျဉ်းတကြောင်းစီရဲ့ အဓိပ္ပါယ်တခုချင်းကို မစဉ်းစားခင် မျဉ်းဆိုတာကို အရင်စဉ်းစားကြည့်ရအောင်လားဗျာ။

မျဉ်းဆိုတာက ဟင်းလင်းပြင်မှာရှိတဲ့ အမှတ်နှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတခုပါပဲ။ အဲဒီမျဉ်းတွေဟာ အကြမ်းအားဖြင့် တည်နေပုံ လေးမျိုးရှိကြတယ်။

၁/ အလျားလိုက်တည်နေခြင်း (Horizontal Direction)
၂/ ဒေါင်လိုက်တည်နေခြင်း (Vertical Direction)
၃/ ဝဲဖက်သို့ ယိုင်၍ တည်နေခြင်း (Left Oblique) နဲ့
၄/ယာဖက်သို့ ယိုင်၍ တည်နေခြင်း (Right Oblique) တို့ပဲ ဖြစ်ပါတယ်။

အဲဒီလေးမျိုးမှာမှ အခြေခံအားဖြင့် မျဉ်းနှစ်မျိုး ထပ်ပြီးခွဲနိုင်တယ်။
၁/ မျဉ်းဖြောင့် (Straight Line) နဲ့
၂/ မျဉ်းကောက် (Curve Line) တို့ပဲ ဖြစ်ပါတယ်။

မျဉ်းကြောင်းတွေဟာ အလွန်ရှင်းလင်းတိကျတဲ့ အကျိုးသက်ရောက်မှုတွေရှိကြတယ်။ တိကျတဲ့ အဓိပ္ပါယ် တနည်းအားဖြင့် ထင်မြင်ချက်မပါပဲ အဲဒီမျဉ်းတကြောင်းကို စာရွက်ပေါ်မှာ ရေးဆွဲလို့ မရပါဘူး။
ကဲ ဒါဆို အဲဒီမျဉ်းတကြောင်းစီရဲ့ အဓိပ္ပါယ်တွေကို လေ့လာကြည့် ကြရအောင်နော်။

မျဉ်းဖြောင့် (Straight Line)

လျင်မြန် သွက်လက် အားရှိ ခိုင်မာတတ်တဲ့ သဘောကိုဆောင်ပါတယ်တဲ့။

မျဉ်းမတ် (Vertical Line)

ဖြောင့်မတ် တည်ကြည်ခန့်ငြား ထည်ဝါခြင်း မြင့်မြတ်ခြင်း သက်ဝင်တည်ငြိမ်တဲ့သဘောတို့ ကို ဆောင်ပါတယ်တဲ့။

Oblique Line

မျဉ်းစောင်း (ယိုင်) (Oblique Line)

လှုပ်ရှားဆွဲငင် တွန်းကန်ပေါက်ကွဲတတ်တဲ့သဘော ကျဆင်းလှုပ်ရှားခြင်း ခုန်ပြန်လှုပ်ရှားခြင်း ခုန်ခြင်းသဘော တို့ ကို ဆောင်ပါတယ်တဲ့။

Convex & Concave

မျဉ်းကောက် (Curve Line)

ငြိမ့်ညောင်းသာယာ ပျင်းရိ ငြီးငွေ့ လေးကန်နှေးကွေး ထိုင်းမှိုင်းတတ်တဲ့သဘော ပြင်းထန်တဲ့ လှုပ်ရှားမှုကို ဖော်ကျူးတဲ့ လေတိုက်ခံရတဲ့ သစ်ပင် တိမ်များ ကမ်းခြေကိုတိုက်ခတ်လာတဲ့ လှိုင်းများလို ပြင်းထန်လာမှု သဘောတို့ကို ဆောင်ပါတယ်တဲ့။

မျဉ်းခုံး (Concave Line)

အမြင့်သဘောဆောင် ငြိမ်သက်ငြိမ့်ညောင်းတဲ့သဘော တို့ ကို ဆောင်ပါတယ်တဲ့။

မျဉ်းခွက် (Convex Line)

အနက်သဘောဆောင် လှုပ်ရှားသွက်လက်မှုသဘောရှိ မှုတို့ ကို ဆောင်ပါတယ်တဲ့။
အဲဒီ မျဉ်းခုံးနဲ့ မျဉ်းခွက် နှစ်ခုကိုပေါင်းစပ်လိုက်မယ်ဆိုရင် တည်ငြိမ်ခန့်ငြား ဂုဏ်သရေရှိ စွမ်းအားပါပြီး အလှအပဖွဲ့ ပန်းချီဆန်သော (Hogarth’s line of beauty) မျဉ်းကို ရရှိပါတယ်တဲ့။

Sign-painter-Beer_Street

စက်ဝိုင်း (Circle)

ဆုံးစမရှိ လည်ပတ်သောသဘော ကြီးမား ကျယ်ဝန်း ညီမျှချင်းသဘော တို့ ကို ဆောင်ပါတယ်တဲ့။

Spiral Shell

ပတ်ရစ်၍တက်သောမျဉ်း (Spiral)

ဆုံးစမရှိ ကွေ့ဝှိုက်၍တက်သွားသည်။

ဖြာထွက်သောမျဉ်း (Radiation Line)

သွက်လက်လှုပ်ရှားပြောင်းလဲမှု စုစည်းခြင်းသဘောဆောင် စမ်းရေပန်း(Fountain) ကြီးထွားပေါက်ရောက်မှု(Grow) နေရောင်ခြည် (Sunlight) ဘီးထောက်တံများ (Spokes of a wheel) အာရုံစူးစိုက်မှု (Concentration of a given spot)

မျဉ်းပြိုင် (Parallel Line)

မျဉ်းပြိုင်များဟာ တကြောင်းနဲ့တကြောင်းမဖြတ် ဖြတ်စရာနေရာမရှိ။

မြှားချွန်သဏ္ဍာန်ပါသောမျဉ်း (Pointed Arrow Line)

၎င်းမျဉ်းသည် အမြန်ဆုံးနှင့် အမြန်ဆုံးသဘာဝကိုပြဆိုသည်။

ထောင့်ဖြတ်မျဉ်းကျိုး(Broken Diagonal)

လျင်မြန်စွာလုပ်ဆောင်မှုသဘောဆောင် ထောင့်ဖြတ်မျဉ်းတစ်ကြောင်းကို အခြားမျဉ်းတစ်ကြောင်းကဖြတ်သွားပြီး ထောင့်ဖြတ်မျဉ်းကျိုး ဖြစ်ပေါ်သည်။ လျှပ်စီးလက်ကြောင်း LIGHTING

စုစည်းစုဆုံသောမျဉ်း(Converging line)

၎င်းမျဉ်းများသည် စက္ခုအာရုံ အဆုံးတိုင်ရောက်အောင်(ခရီးလမ်းဆုံး) သယ်ဆောင်သွားနိုင်သည်။ ထိုးထွက်လာသောမျဉ်းများသည်အဆုံးအထိ တွန်းပို့ကာလက်စတုံးရပ်စဲသည်။

ဆန့်ကျင်ဘက်မျဉ်းများ (opposite line)

၎င်းမျဉ်းများသည်တည်မြဲမှုရှိသည်။

ခုန်သောမျဉ်းများ (Jump Line)

၎င်းမျဉ်းများသည် အသိအာရုံရှုပ်ထွေးကာ လှုပ်ရှားပြောင်းလဲမှု ဖြစ်ပေါ်စေသည်။

ဒါတင်မကသေးပါဘူး။ မျဉ်းတွေမှာ ဝိသေသလက္ခဏာ (The Meaning Of Line) (၇) ရပ် ရှိပါသေးတယ်။

Railway Station

၁/ မျဉ်းကြောင်းတို့သည် ၎င်းတို၏ သဘောသဘာဝ အနက်အဓိပ္ပါယ် တို့ကိုဖော်ဆောင်သည်။

၂/ ဧရိယာ အကျယ်အဝန်း ကွက်လပ် အရွယ်အစားတိုကို ပိုင်းခြား သတ်မှတ်သည်။

3/ မိမိဖော်ပြလိုသော စိတ်ကူး အကြံအစည်နှင့် အကြောင်းအရာအချက်အလက်များကို အမှတ်သကေတများဖြင့် ပုံဖော်နိုင်သည်။

၄/ သတ်မှတ်ထားသော အစွန်းအနားမျဉ်းကြောင်းများဖြင့် ပုံသဒန်များ ထုထည်များကို သတ်မှတ်ပုံဖော်နိုင်သည်။

၅/ မိမိဖော်ပြလိုသောနေရာသို စိတ်အာရုံစူးရောက်စေရန် မျဉ်းကြောင်းများဖြင့် ဖော်ဆောင်နိုင်စွမ်းရှိသည်။

၆/ ဒီဇိုင်းပုံစံလှပမှုများကို မျဉ်းကြောင်းများဖြင့်စီစဉ်ချမှတ်၍ အလှဆင်ဖန်တီးတီထွင်နိုင်သည်။

၇/ အသွေးနုရင့်အဆင့်ဆင့် (Tone) ကို မျဉ်းကြောင်းများဖြင့် ဖော်ပြဆောင်ရွက်နိုင်သည်။

အခုလောက်ဆို မျဉ်း —–အကွေ့ အဝိုက် အဖြောင့် အကောက် အယိုင် အနွဲ့ အဝန်းအဝှိုက် သူ့ သဏ္ဍန် သူ့ဟန်အသီးသီးရဲ့ညွှန်းဆိုဖေါ်ပြမှု အတွင်းသဘောကို အတော်အသင့် တော့လေးကျက်မိကြလောက်ပါပြီ…
ကိုယ်တိုင်ဟာ..ဘယ်မျဉ်းလို အဓိပါယ်နဲ့ ဘယ်လိုလျှို့ဝှက်နေသလဲ ဆန်းစစ်ကြည့်ပြန်တော့ စိတ်ဝင်စားစရာကောင်းလွန်းနေပါတယ်..
သင်ရော…….
ဘယ်လို မျဉ်းတစ်ကြောင်းလဲ……. ? ? ?
ကျွန်တော်ရော…………………. ? ? ?
ဘယ်လိုမျဉ်းများလဲ…………….. ? ? ?
ဘာပဲပြောပြော…ဘယ်လိုမျဉ်းပဲဖြစ်ဖြစ် ဥိးတည်ရာကတော့ဖြင့် ရှိနေခဲ့ကြပါတယ်လေ…။

လေ့လာမိသလောက် ပြန်လည်ဝေမျှတာပါ။ အသေးစိတ် လေ့လာမယ်ဆိုရင် အောက်က Links များမှာသွားရောက်လေ့လာနိုင်ပါတယ်။

References :

1: Wikipedia
2: အခြေခံပန်းချီပညာ (ဦးကျော်သူရိန်) ပန်းချီပန်းပုကျောင်း၊ရန်ကုန်
3: ပန်းချီးရေးရာနှင့်ပုံဆွဲအခြေခံများ (အောင်မြတ်ဌေး)
4: http://ardictionary.com/Line/3381
5: http://desktoppub.about.com/cs/designelements/a/linesintro.htm
6: http://www.linearchitecture.com/blog
7: http://raggedclothcafe.com/2008/02/21/hogarths-line-of-beauty/

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.