အရွှင်အပျ အရောင်များနှင့်

ကလေးတွေ ကလေးcharacter တွေ ရွှင်ပျသွက်လက်မှုတွေ ပြချင်တဲ့ အခါ အရောင်မှိုင်းတွေ Deep color တွေ tone တွေ သုံးလို့ မသင့်တော်ပေဘူးလေ။ Target Audiences က ကလေးတွေကို ရည်ရွယ်ခဲ့တဲ့ တစ်ခုမို့ ဒီနေရာမှာ အရွှင်အပျ အရောင်တွေ ( အရောင်နုတွေနဲ့ ချစ်စရာဖြစ်အောင်ဖွဲ့စည်းခဲ့တယ်။ ရေးနေရင်း သပြေသီးကောက်ကဗျာလေးကို ရွတ်နေခဲ့မိတယ်။ အရောင် dominance နဲ့ Unity ဖြစ်ဖို့ ကြိုးစားထားပါ၏။ ရေးတာကတော့ လက်နဲ့ ခဲကောက်scan တင်ပြီး photoshop brush တွေနဲ့ ပွတ်ကြည့်တာပေါ့။

Warso

ဒါကတော့ ကလေးတွေအတွက် ရည်ရွယ်တဲ့ story လေး အတွက်ရေးဆွဲခဲ့တဲ့ cover တစ်ခု။

Miss Poem

အဆော့သန်တဲ့ ဘုန်းကြီးကျောင်းသား။

Playing Boy

ဆွမ်းခံကြွနေသောကိုရင်လေးများ။

Young Monks

အရွှင်အပြအရသာလေးတွေသီးသန့်ခံစားနိုင်ရန်အတွက် Blog လေးတွေ ခွဲပြီးတင်နေခြင်းဖြစ်ပါကြောင်း။

Original Post here.

360 Degree Panorama

ငွေဆောင် နဲ့ နတ်ကျောက်ပုံ ပန်နိုရားမားတွေ တင်ပြီးတဲ့နောက် သူငယ်ချင်းကောင်းများက ဤသို့ ထောပနာ ပြုကြလေကုန်သည်။

MTZO: “ဟင်… ပုံက အပြည့်လည်း မရဘူး.. ဒီမှာ ကြည့် သူများတွေ ဘယ်လိုလုပ်ထားလဲဆိုတာ..” (Google Map Street View ကိုဖွင့်လျက်)။

Sithu: “ဟွန့် 360 ဒီဂရီလည်း ဟုတ်ဘူး…” (၎င်းလေသံကား ရှော်လိုက်လေခြင်းဟူသော Tone အပြည့်အဝ ပါသတည်း။)

ထို့ကြောင့် ကျွန်ုပ်သည် ရိုးရိုးကင်မရာတစ်လုံးသည် 35mm lens သာရှိကြောင်း၊ ရေပြင်ညီ ဒီဂရီအားဖြင့် 53 ဒီကရီ မျှသာ ရှိကြောင်း၊ ထို့ကြောင့် 360 ဒီဂရီ အပြည့်အဝ ဖမ်းမိစေရန် အနည်းဆုံး ဓာတ်ပုံ ၇ ပုံ ရိုက်ရမည်ဖြစ်ကြောင်း၊ ယင်းပုံများကို ဆက်သောအခါတွင်လည်း အခက်အခဲများစွာ ရှိကြောင်း၊ ပုံများ တွန့်ခြင်း ကွေးခြင်း ဖြစ်တတ်ကြောင်း၊ မြင်ကွင်းကျယ် ကင်မရာသုံးမှသာ ပုံကောင်းကောင်းရမည်ဖြစ်ကြောင်း၊ Tripod ဒေါက်တံခံကာ ရိုက်မှသာ အသေးစိတ်မှန်ကန်သော ပုံရနိုင်မည်ဖြစ်ကြောင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် နာရီဝက်မျှ အချိန်ကုန်ခံကာ ရှင်းပြပါသော်လည်း ခေါင်းတခါခါ လည်တခါခါနှင့် ညံတာက ညံ့တာပါပဲကွာ ဟု အမူအရာဆောင်သော လက္ခဏာများကို ပြကြလေ၏။

နောက်ဆုံးတွင် မခံမရပ်နိုင်သော ကျွန်ုပ်မှာ အပြင်ကင်မရာနှင့် ရိုက်မရလျှင် ရှိစေတော့၊ 3D ကင်မရာနှင့် ရိုက်တော့အံ့ ဟု ကြုံးဝါးကာ အင်္ကျီလက်ကို ပင့်လျက် ယခင်ဖိုင်အဟောင်း အချို့ကို Panorama Utility ဖြင့် အားကြိုးမာန်တက် Render လုပ်လိုက်ရာတွင်မှ အနှီ ပုဂ္ဂိုဟ်အကောင်းစားလေးတို့ကား ပါးစပ်အဟောင်းသား ရှိကြလေကုန်တော့သတည်း။
:D :D

သားသား ရေချိုးပြီ

သားသားက ရေမချိုးချင်ဘူး။ ရေကြောက်နေတယ်။ သင်သာ မေမေ ဖြစ်မယ်ဆို ဘယ်လို လုပ်မလဲ။ “လာစမ်း သောက်ကောင်လေး” ဆိုပြီး ရေချိုးဇလုံထဲ ပစ်ထည့်မလား။ “မချိုးလည်း နေဟာ” ဆိုပြီး ပေယျာလကံ ပစ်ထားမလား။ မှတ်လောက်သားလောက်ရှိအောင် ဆော်ပစ်မလား။

UNICEF workshop မှာ ဆရာ အော်ပီကျယ်က အင်မတန်သိမ်မွေ့တဲ့ နည်းလမ်းတစ်ခုသုံးပြီး ကလေးလေး ရေချိုးအောင် အမေလုပ်သူက မေတ္တာတရားနဲ့ ဆွဲဆောင်သွားပုံကို ကာတွန်းတစ်ပုဒ် ဆွဲပါတယ်။ အဲဒါကို NGO က လူတွေက အင်မတန် သဘောကျကြတဲ့အတွက် Animation လုပ်ဖို့ ကျွန်တော့်တာဝန် ဖြစ်လာတယ်။

ကာတွန်းက တော်တော်တိုတဲ့အတွက် ဆွဲဆောင်မှုရှိအောင် ဂီတမိတ်က ကိုကျော်စွာထွန်းက မြူးမြူကြွကြွ သီချင်းလေးတစ်ပုဒ် ရေးပေးပါတယ်။ ဟေမာန်မင်းဇော်ကပဲ သီချင်း ဆိုပေးပါတယ်။ ကလေးနေရာမှာတော့ ဂူဂူးညီလေး ပိပိ ထင်တယ်။ ဇာတ်ကောင်တွေကို နဂိုသရုပ်ဖော်ပုံက ကွဲထွက်မသွားအောင် 3D မှာ သတိထားပြီး Model လုပ်ရပါတယ်။ Render ကို 2D အမြင် ရအောင်လုပ်ပြီး လိုတာနည်းနည်းကို FlashMX မှာ ဖြည့်ဆွဲတယ်။

အင်မတန်ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ကြည့်ရှုနားဆင်ခံစားကြည့်ပါဦး။

Thar Thar is taking bath from Lionslayer on Vimeo.

တံတားကလေး

တခါတခါ ကိုယ်လုပ်ထားတဲ့ Animation လေးတွေကို ကြည့်လိုက်ရင် ဒါ မြန်မာအရုပ်တွေကွ လို့ ပြောမပြဘဲ အလိုလို သိစေမယ့် ဇာတ်လမ်းအတိုလေးတစ်ခု လုပ်ချင်တယ်။ အဲဒါနဲ့ ငယ်ငယ်က ရွှေသွေးမှာ ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး Storyboard စဆွဲတယ်။ ဇာတ်လမ်းက ကလေးလေးသုံးယောက်ဟာ လူတွေမကြာခဏ ဖြတ်ကူးရာမှာ ဒုက္ခရောက်ကြတဲ့ ချောင်းလေးပေါ်ဖြတ်ပြီး ချောင်းကူးတံတားလေးတစ်ခု ဆောက်ဖို့ ကြိုးစားကြတဲ့ အကြောင်းလေး ဖြစ်တယ်။

ဇာတ်ကောင်တွေ ဒီဇိုင်းလုပ်တော့ ၂ ချိုးနဲ့ လုပ်လိုက်တယ်။ အချိုးဆိုတာ ဇာတ်ကောင်ရဲ့ အရပ်ဟာ ဦးခေါင်းအရွယ်အစားထက် ဘယ်နှစ်ဆရှိတယ်ဆိုတာ ပြောတာဖြစ်တယ်။ သာမာန်လူရဲ့ အချိုးဟာ ၆.၅ ချိုး လောက် ရှိတယ်။ ၂ ချိုး ဆိုတော့ ခေါင်းနဲ့ ကိုယ်က အချိုးတူ ဖြစ်နေပြီ။ ခေါင်းကို မနိုင်မနင်း ထမ်းပြီး လမ်းလျှောက်နေရတဲ့ သဘောပေါ့။ :D

အဓိက Scene က ချောင်းနဲ့ တံတားဆိုတော့ အဲဒီနေရာနားကို အသေးစိတ် ဆောက်လိုက်တယ်။ ကျန်တာတွေကအလွယ်ပေါ့။ ဇာတ်ကောင်တွေက ကလေးသုံးယောက် လူကြီးသုံးယောက်ဆွဲလိုက်တယ်။ ဒရာမာလေးဘာလေး နည်းနည်းပါးပါးထည့် အသံတွေ တည်းဖြတ်ပြီးတဲ့နောက် ဆားဖြူး သကြားအုပ်လိုက်တော့ ကြည့်ပျော် ရှုပျော် ဇာတ်ကားပေါက်စလေး တစ်ခုရတယ်။ ဇာတ်လမ်းကို နာမည်ပေးမယ်လုပ်တော့ “တံတားလေး” ပေါ့။ အာ မဟုတ်သေးပါဘူး။ လူတွေ အထင်မှားစရာဖြစ်မယ်။ ဒီတော့ “တံတားကလေး”။

၂၀ဝ၅ က လုပ်ထားတာဆိုတော့ တော်တော်ကြာပြီလို့ ပြောလို့ရတယ်။ သုံးတဲ့ ဆော့ဝဲတွေကတော့ 3dsmax, premiere, photoshop စတဲ့ ပုံမှန် သုံးနေကျနဲ့ပဲ သုံးလိုက်တယ်။ စုစုပေါင်းလုပ်ချိန် ရက်သတ္တ ၂ ပတ် ကြာတယ်။

Little Bridge from Lionslayer on Vimeo.

တူတူကစားမယ်

ဒါလည်း နှစ်ရက်ခွဲလောက်နဲ့ အမြန်လုပ်ခဲ့ရတဲ့ Animation လေးတစ်ခု။

ကမ္ဘာပေါ်မှာ လူဆယ်ယောက်ရှိရင် တစ်ယောက်က Disable တဲ့။ ယောကျ်ားနဲ့ မိန်းမလူဦးရေကလည်း အချိုးတူလုနီးပါးရှိတယ်။ ဒီတော့ကာ Media တစ်ခုခုမှာ အားလုံး “all” ဆိုပြီးပြရင် ယောကျ်ားလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက်၊ Disable တစ်ယောက်အနည်းဆုံးပါသင့်တယ် ဆိုပါတယ်။

ဒီ Animation ထဲမှာတော့ Disable တွေဟာလည်း သာမာန်ကလေးတွေနဲ့ တူတူကစားခွင့် ပျော်ရွှင်ခွင့် ရှိပါတယ်ဆိုတာ ဦးစားပေးပြချင်တာဖြစ်ပါတယ်။ ပုံတွေနဲ့ အရောင်တွေကို FlashMx နဲ့ ဆွဲတယ်။ Animation အတော်များများကို 3DsMax နဲ့ ဆွဲတယ်။

Let’s PlayTogether from Lionslayer on Vimeo.

HDB Living Room

ကိုမောင်ဆန်း ဝေမျှတာကြည့်ပြီး…ကျွန်တော်လဲ တတ်သလောက်ဝေမျှတာပါ… အခုလုပ်ထားတာလေးက autocad ထဲမှာ 2d ကို plan နဲ့ elevation တွေ အကုန်ဆွဲ..ပြီးတာနဲ့ max ထဲကနေ import နဲ့ ခေါ်ထည့်ပြီး….max ထဲမှာ အဲဒီ 2d တွေကို snap ကောက်ပြီး.. အတိအကျ model ဆောက် ..နောက် vray နဲ့ material တွေကပ် ..render ချထားတာပါ.. ဒါ HDB flat တစ်ခု အတွက် လုပ်ပေးထားတာပါ…ကန့်သတ်ချက်တွေကြားထဲက ရသမျှကောင်း အောင်ကြိုးစားရပါတယ်….ဒီပုံမှာ..အဓိကက lighting ပါ…မနက် စောစောနေရောင်နဲ့ ..ညကထွန်းခဲ့လို့ မပိတ်ရသေးတဲ့ artificial lights တွေ နဲ့ ချိန်ပြီး လုပ်ထားတာပါ…..ပြီးမှ photoediting အနေနဲ့ Picasa ထဲမှာ ..Glow , B&W effect လေးထည့်ထားတာပါ…

Glow living room

Glow living room

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.