အရွှင်အပျ အရောင်များနှင့်

ကလေးတွေ ကလေးcharacter တွေ ရွှင်ပျသွက်လက်မှုတွေ ပြချင်တဲ့ အခါ အရောင်မှိုင်းတွေ Deep color တွေ tone တွေ သုံးလို့ မသင့်တော်ပေဘူးလေ။ Target Audiences က ကလေးတွေကို ရည်ရွယ်ခဲ့တဲ့ တစ်ခုမို့ ဒီနေရာမှာ အရွှင်အပျ အရောင်တွေ ( အရောင်နုတွေနဲ့ ချစ်စရာဖြစ်အောင်ဖွဲ့စည်းခဲ့တယ်။ ရေးနေရင်း သပြေသီးကောက်ကဗျာလေးကို ရွတ်နေခဲ့မိတယ်။ အရောင် dominance နဲ့ Unity ဖြစ်ဖို့ ကြိုးစားထားပါ၏။ ရေးတာကတော့ လက်နဲ့ ခဲကောက်scan တင်ပြီး photoshop brush တွေနဲ့ ပွတ်ကြည့်တာပေါ့။

Warso

ဒါကတော့ ကလေးတွေအတွက် ရည်ရွယ်တဲ့ story လေး အတွက်ရေးဆွဲခဲ့တဲ့ cover တစ်ခု။

Miss Poem

အဆော့သန်တဲ့ ဘုန်းကြီးကျောင်းသား။

Playing Boy

ဆွမ်းခံကြွနေသောကိုရင်လေးများ။

Young Monks

အရွှင်အပြအရသာလေးတွေသီးသန့်ခံစားနိုင်ရန်အတွက် Blog လေးတွေ ခွဲပြီးတင်နေခြင်းဖြစ်ပါကြောင်း။

Original Post here.

မီးမီးရဲ့ ဖေဖေ

ဖေဖေက မီးမီးကို ပုံပြောပြတယ်။ ပုံပြင်လေးကတော့ မီးမီးနဲ့ ဖေဖေ့အကြောင်း။ ဖေဖေက မီးမီးလေးကို ဘယ်လောက်ချစ်တယ်။ ဂရုစိုက်တယ်ဆိုတာတွေပေါ့။

UNICEF Workshop မှာ Child Development အတွက် ကလေးရောမိဘပါ ကြည့်လို့ရအောင် ဒီ Animation ကိုလုပ်တယ်။ မူရင်း ပုံပြင်စာအုပ်က ဇာတ်လမ်းကို အခြေခံယူပြီး Storyboard ဆွဲတယ်။ အစအဆုံး FlashMX ထဲမှာ ဆွဲတယ်။ အဲဒါကြောင့် လက်ရာတွေက ကြောင်ခြစ်ထားသလို နေတာ။ :D

မီးမီးလေးနေရာမှာ သိပ္ပံသူရဲကောင်းကားထဲက ညီမသေးသေးလေး ဆုစန္ဒီဦးကို ချော့ပြီးညာခိုင်းလိုက်တယ်။ သူက အဲတုန်းက လေးနှစ်သမီးပဲ ရှိဦးမယ်။ ဖေဖေ့နေရာမှာတော့ ဂူဂူးကို ပြောခိုင်းလိုက်တယ်။ ဆွဲတာ ပြန်ပြင်တာ စုစုပေါင်း တစ်ပတ်လောက်ကြာတယ်။

MiMi’s Dad from Lionslayer on Vimeo.

တူတူကစားမယ်

ဒါလည်း နှစ်ရက်ခွဲလောက်နဲ့ အမြန်လုပ်ခဲ့ရတဲ့ Animation လေးတစ်ခု။

ကမ္ဘာပေါ်မှာ လူဆယ်ယောက်ရှိရင် တစ်ယောက်က Disable တဲ့။ ယောကျ်ားနဲ့ မိန်းမလူဦးရေကလည်း အချိုးတူလုနီးပါးရှိတယ်။ ဒီတော့ကာ Media တစ်ခုခုမှာ အားလုံး “all” ဆိုပြီးပြရင် ယောကျ်ားလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက်၊ Disable တစ်ယောက်အနည်းဆုံးပါသင့်တယ် ဆိုပါတယ်။

ဒီ Animation ထဲမှာတော့ Disable တွေဟာလည်း သာမာန်ကလေးတွေနဲ့ တူတူကစားခွင့် ပျော်ရွှင်ခွင့် ရှိပါတယ်ဆိုတာ ဦးစားပေးပြချင်တာဖြစ်ပါတယ်။ ပုံတွေနဲ့ အရောင်တွေကို FlashMx နဲ့ ဆွဲတယ်။ Animation အတော်များများကို 3DsMax နဲ့ ဆွဲတယ်။

Let’s PlayTogether from Lionslayer on Vimeo.

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.