1234 တစ်နှစ်သုံးလေး


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

“စာမတတ်သေးတဲ့ သုံးလေးနှစ်ရွယ် ကလေးလေးတွေ ကြည့်ပြီး အနည်းဆုံး ကိန်းဂဏန်း ရေတတ်သွားအောင် သင်ပေးနိုင်တဲ့၊ သင်နေတယ်လို့လည်း မခံစားရစေတဲ့ Animation တစ်ခုလုပ်ရမယ်။”

အဲဒီစကား အကြားမှာ အီလည်လည်ဖြစ်သွားတဲ့ ကျွန်တော့မျက်နှာ မြင်ယောင်သာ ကြည့်ပါတော့။ ကတိက ပေးပြီးသားဆိုတော့ မလုပ်လို့လည်း မဖြစ်။ အချိန်ကလည်း ကပ်နေပြီ။ အကြိတ်အနယ် ခေါင်းချင်းဆိုင် ဆွေးနွေးကြပြီးတဲ့နောက် သီချင်းနဲ့ ဇာတ်လမ်းကို အိုင်ဒီယာရသွားတယ်။ သမီးလေးနဲ့ အဖေကြီး လမ်းလျှောက်ထွက်လာရင်း လမ်းတစ်လျှောက်တွေ့တဲ့ နေ့စဉ်မြင်နေကျ အကောင်တွေ အသီးတွေရဲ့ အရေအတွက်ကို သမီးလေးကို သင်ပေးမယ်ပေါ့။

သီချင်းကို အားရပါးရလည်းစပ်ပြီးရော နံပါတ်ရှစ်ပြီး ကိုးမလာတော့ဘူး။ ဟာ ဘယ်လိုလုပ်ကြမလဲ။ သံစဉ်နဲ့ စာသားနဲ့လည်းကွက်တိ။ ဘယ်လိုမှ ထိုးထည့်လို့ မရတော့ဘူး။ အချိန်ကလည်းကပ်နေပြီ။ အဲဒီမှာ လူကြီးတစ်ယောက်က ထပြောတယ်။ ရပါတယ် ရှစ်လောက်ထိ သိလည်း ဆိုးပါဘူးတဲ့။ အဲဒါနဲ့ပဲ… ။

တေးရေးက လမင်း။ တေးဆိုက အဖေနေရာမှာ ကိုမင်းမင်း။ သမီးလေးနေရာမှာ ခင်လပြည့်ဝန်းဆိုတဲ့ ကလေးမလေးထင်တယ်။ Animator and everything else ကတော့ ကျွန်တော်။

နီးစပ်ရာလူဆီက မေးပေတော့… ရှစ်ပြီးရင် ဘာလဲ။ :D

1234 from Lionslayer on Vimeo.

TriBot သုံးချောင်းထောက် စက်ရုပ်


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

ဖိုင်အဟောင်းတွေ ပြန်ဖွရင်းက သုံးချောင်းထောက် စက်ရုပ်ပုံကို သွားပြန်တွေ့တယ်။ အဲဒီတုန်းက အွန်လိုင်းမှာ မတော်တဆ တွေ့ခဲ့တဲ့ Concept Art တစ်ခုကနေ Inspiration ရပြီးလိုက်ဆွဲထားတာ။ အခုပြန်ကြည့်တော့… ဟားဟားဟား။

TriBot

TriBot

အခုပြန်ကြည့်တော့ ခြေသုံးချောင်းတည်းနဲ့ ဘယ်လိုမှ ယုတ္တိမရှိဘူး ဖြစ်နေတယ်။ သွားလာတာပဲဖြစ်ဖြစ် တိုက်ခိုက်တာပဲဖြစ်ဖြစ် Balance အောက် နေတယ်။ ဒါပေမယ့် Detail တွေကက မဆိုးဘူး။ ဒီဇိုင်းနည်းနည်းပြင်လိုက်ပြီး Texture ကောင်းကောင်းပေးလိုက်ရင် ဇာတ်လမ်းတစ်ခုခုမှာ ပြန်သုံးလို့ ရကောင်းရဲ့။

တစ်ကောင်တည်း ဒါပေမယ့် “ဝက်”


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222
WK 3D Model

WK 3D Model

ဘယ်အရွယ်က စပြီး ကျွန်တော်ပုံဆွဲဝါသနာပါခဲ့လဲ မသိပေမယ့် မှတ်မိသမျှတော့ သုံးလေးနှစ်ကတည်းက ကြောင်ခြစ်ကြွက်ခြစ် စခြစ်နေပြီ။ ပုံရေးတာနဲ့ စာဖတ်တာ အဲဒီကတည်းက တောက်လျှောက် သဲသဲမဲမဲ လုပ်ခဲ့တာပဲ။

သုံးတန်းမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ ပန်းချီပြိုင်ပွဲဝင်တော့ ဆရာမက အားပေးတယ်။

“သားလေး စိတ်ထဲရှိတာသာ ဆွဲလိုက်” တဲ့။

အဲဒါနဲ့ ကိုရင်နှစ်ပါး ဆွမ်းခံကြွတဲ့ပုံ ဆွဲလိုက်တာ ကျောင်းအဆင့်မှာတင် ပြုတ်ပါရောလား။ (ဒိုင်လူကြီးတွေကို Piano Forest ပေးကြည့်ရမယ်။)

သုံးတန်းမှာတင် ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ဇာတ်လမ်းတွေ စရေးပြီ။ ပထမဆုံး ရေးတဲ့ ဇာတ်ကောင်တွေက ကြွက်ငပေါ၊ အီးတီ၊ ဝက်ကြီး။ စရေးတော့ ဘိုဘို၊ အီးတီ၊ ဖက်တီး ရယ် မူရင်း နိုဘိတ၊ ဒိုရာအဲမွန်၊ ဂျအိအန်း ရယ်တို့ကို ကာရိုက်တာယူပြီးဆွဲတာ။ ဆွဲပြီးတော့ ကာတွန်းတွေကို သူငယ်ချင်းတွေကို ပေးဖတ်။ (ဝေဖန်ရင်တော့ ဆွဲထိုးပစ်မယ်ဆိုပြီး :D။)

Big Bad Pig

Big Bad Pig

ဆွဲရင်းဆွဲရင်းနဲ့ နောက်တော့ ဝက်ကြီးကိုဆွဲရတာ တော်တော် အားရလာတယ်။ သူ့ကာရိုက်တာက မူရင်း မှန်းထားတာထက် ပိုထူးခြားလာတယ်။ သူက အနိုင်ကျင့်တတ်တယ်။ ရိုင်းတယ်။ အလိုက်မသိဘူး။ တွေ့သမျှ ကြုံသမျှ ဟာသလုပ်ပစ်ဖို့ပဲ စိတ်ကူးတယ်။ သူ့ကို အလေးအနက်ထား ဆွေးနွေးခိုင်းလို့ မရဘူး။ ဒါပေမယ့် သူက ဂျိုကာဖြစ်တယ်။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ ဇာတ်ကောင် ဖြစ်လာတယ်။ သမားရိုးကျ မဟုတ်တဲ့ ဇာတ်လိုက်ဘက်ကို တဖြည်းဖြည်း ရွေ့လာတယ်။ သူက သမားရိုးကျ ဇာတ်လမ်းတွေမှာ ဗီလိန် ဖြစ်ကောင်းဖြစ်မယ်။ ကမ္ဘာကြီး အန္တရာယ်ဖြစ်မယ့်အရေးမှာတော့ သူဟာ ကယ်တင်ရှင်ဖြစ်တယ်။

သူ့ရဲ့ လက်စွဲဆောင်ပုဒ်ကတော့

“တစ်ကောင်တည်း ဒါပေမယ့် ဝက်”။

KyaKyan By APK. Sayar APK got inspiration of "Only one, but PIG" dialog from my "Jet Flyer" story.

Sayar APK got inspiration of "Only one, but PIG" dialog from my "Jet Flyer" story.

Demo Reel


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

၂၀ဝ၁ ကနေ ၂၀ဝ၉ ထိ လုပ်ထားတဲ့ အလုပ်တွေကို အကျဉ်းချုပ် ပြနိုင်အောင်၊ ပြရအောင် အရင်က clip တွေ Render တွေထုက ကောင်းနိုးရာရာလေးတွေ ဖြတ်ပြီး ဒီဗီဒီယိုကို လုပ်တယ်။

One of my demo reel videos. I used to use it to show off my creations. But after a while, I began to understand that I need to learn a lot more. The world is really wide and I am still just a small fry:)…

Demoreel from Lionslayer on Vimeo.

ဆရာ့ ဆရာကြီး ဖားပြုပ်


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222
Toad Sketch

Toad Sketch

သူ့စိတ်ထဲမှာ သူသာလျှင် အတော်ဆုံးလို့ ထင်တယ်။ တခြားလူတွေကို အရေးစိုက်စရာလို့တောင် မထင်။ ဒါပေမယ့် လုပ်သမျှ တလွဲတွေဖြစ်ပြီး အမြဲအရေးနိမ့်နေရသူ။ သူ့ရဲ့ အန္တိမ ရည်မှန်းချက်က ဘယ်နည်းနဲ့ ဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ( ဖြစ်နိုင်ရင် စကြဝဠာမှာ) သြဇာအာဏာ အကြီးဆုံးသူ ဖြစ်ဖို့။

သူ့မှာ နင်ဂျစ်ဆု နင်ဂျာအတတ်ကို တဖက်ကမ်းခတ် တတ်မြောက်တဲ့ တပည့်တစ်ယောက်ရှိတယ်။ သူက ဖားပြုပ်လုပ်သမျှအလွဲတွေကို ဒိုင်ခံ ဖြေရှင်းပေးရရှာတယ်။

ဘယ်လိုပဲ အသုံးမကျမကျ ဖားပြုပ်ရဲ့ စိတ်ထဲမှာ သူသာလျှင် အတော်ဆုံး လို့ ယူဆနေတုန်းပါပဲ။

Toad The Mastermind

Toad The Mastermind

Lazy Turtle


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222
လိပ်ပု

လိပ်ပု

ဒီကောင့် နာမည်က လိပ်ပု။ အရံဇာတ်ကောင်။ ဘယ်ဇာတ်လမ်းမှာမဆို ပါလို့ရတယ်။ ကြည့်နေရင်းနဲ့ ဟိုနေရာ ဒီနေရာ မထင်မရှား ထွက်ထွက်လာတာ တွေ့ရမယ်။ သူ့ရဲ့ ဇာတ်ကောင်စရိုက်က အပျင်းကြီးတယ်။ ဘယ်အရာနဲ့တွေ့တွေ့ တော်ရုံတန်ရုံ မတုန်လှုပ်ဘူး။ အာရုံစိုက်ခံရမှုကို မလိုချင်ဘူး။ အင်မတန် နှေးတဲ့ သတ္တဝါဖြစ်တယ်။ ဆိုလိုတာက သူ့ကို ဟာသတစ်ခုပြောလိုက်ရင် ၁ဝ စက္ကန့်လောက်ကြာမှ ထရယ်လိမ့်မယ်။ ဘယ်တော့မှ ဒီကောင် ပြေးလွှားနေတာ တွေ့ရမှာ မဟုတ်ဘူး။ (Of course, he is a turtle.)

ဒီကောင့်ကို Model လုပ်တော့ တော်တော်လွယ်ပါတယ်။ တခြားဇာတ်ကောင်တွေကို ခေါင်းအစ ခြေအဆုံး တစ်ဆက်တည်းဆွဲစရာ မလိုဘူး။ ခေါင်း၊ ခြေ၊ လက်၊ အခွံ အားလုံး သက်သက်စီ ဆွဲလို့ရတယ်။ လိပ်ပုက အပြင်လူ ဇာတ်လမ်းထဲက လိပ်နဲ့ ကာရိုက်တာ သွားတူနေတယ်။ ယုန် Model ဆွဲပြီးရင် Animation တစ်ခုလောက်လုပ်ရင်ကောင်းမလားပဲ။

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.