360 Degree Panorama


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291

ငွေဆောင် နဲ့ နတ်ကျောက်ပုံ ပန်နိုရားမားတွေ တင်ပြီးတဲ့နောက် သူငယ်ချင်းကောင်းများက ဤသို့ ထောပနာ ပြုကြလေကုန်သည်။

MTZO: “ဟင်… ပုံက အပြည့်လည်း မရဘူး.. ဒီမှာ ကြည့် သူများတွေ ဘယ်လိုလုပ်ထားလဲဆိုတာ..” (Google Map Street View ကိုဖွင့်လျက်)။

Sithu: “ဟွန့် 360 ဒီဂရီလည်း ဟုတ်ဘူး…” (၎င်းလေသံကား ရှော်လိုက်လေခြင်းဟူသော Tone အပြည့်အဝ ပါသတည်း။)

ထို့ကြောင့် ကျွန်ုပ်သည် ရိုးရိုးကင်မရာတစ်လုံးသည် 35mm lens သာရှိကြောင်း၊ ရေပြင်ညီ ဒီဂရီအားဖြင့် 53 ဒီကရီ မျှသာ ရှိကြောင်း၊ ထို့ကြောင့် 360 ဒီဂရီ အပြည့်အဝ ဖမ်းမိစေရန် အနည်းဆုံး ဓာတ်ပုံ ၇ ပုံ ရိုက်ရမည်ဖြစ်ကြောင်း၊ ယင်းပုံများကို ဆက်သောအခါတွင်လည်း အခက်အခဲများစွာ ရှိကြောင်း၊ ပုံများ တွန့်ခြင်း ကွေးခြင်း ဖြစ်တတ်ကြောင်း၊ မြင်ကွင်းကျယ် ကင်မရာသုံးမှသာ ပုံကောင်းကောင်းရမည်ဖြစ်ကြောင်း၊ Tripod ဒေါက်တံခံကာ ရိုက်မှသာ အသေးစိတ်မှန်ကန်သော ပုံရနိုင်မည်ဖြစ်ကြောင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် နာရီဝက်မျှ အချိန်ကုန်ခံကာ ရှင်းပြပါသော်လည်း ခေါင်းတခါခါ လည်တခါခါနှင့် ညံတာက ညံ့တာပါပဲကွာ ဟု အမူအရာဆောင်သော လက္ခဏာများကို ပြကြလေ၏။

နောက်ဆုံးတွင် မခံမရပ်နိုင်သော ကျွန်ုပ်မှာ အပြင်ကင်မရာနှင့် ရိုက်မရလျှင် ရှိစေတော့၊ 3D ကင်မရာနှင့် ရိုက်တော့အံ့ ဟု ကြုံးဝါးကာ အင်္ကျီလက်ကို ပင့်လျက် ယခင်ဖိုင်အဟောင်း အချို့ကို Panorama Utility ဖြင့် အားကြိုးမာန်တက် Render လုပ်လိုက်ရာတွင်မှ အနှီ ပုဂ္ဂိုဟ်အကောင်းစားလေးတို့ကား ပါးစပ်အဟောင်းသား ရှိကြလေကုန်တော့သတည်း။
:D :D

Dining Diversity


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291

တနေ့သ၌ ကျွနု်ပ်သည် ညစာကို ဘယ်သို့သော စားသောက်ဆိုင်တွင် သွားစားရပါ့ဟူသည့် အတွေးဝင်လာလေ၏။ စားသောက်ဆိုင် ပရောဂျက်များလုပ်ပြီးနောက် ၎င်းတို့ထံမှ အခမဲ့ဦးဦးဖျားဖျားစားရခြင်း၊ လျှော့ဈေးဖြင့် စားရခြင်း အစရှိသော အခွင့်ထူးများ ရတတ်လေရာ တရံတခါ ဤသို့သော စိတ်ကူးများ ဝင်လာတတ်သော ကျွနု်ပ်ကို အသုံးကြမ်းရုံကောဟု အပြစ်တင် မစောသင့်။

ပထမဆုံး ခေါင်းထဲရောက်လာသည်ကား ကလပ်ကေးမှ ဂျပန်စားသောက်ဆိုင်ပင် ဖြစ်ပေတော့သည်တစ်မုံ့။ သို့သော် ယင်းဆိုင်သည် ဆူလွန်းလှ၏။ အနှီပါတီပွဲတို့ကို အကြောင်းရှာ ကျင်းပလေ့ရှိကြသော သိုးဆောင်းသားတို့ ကျက်စားရာ ဖြစ်ပေကုန်၏။ သို့သော အတွေး ဝင်လာသည်နှင့် ထိုစားသောက်ဆိုင်ကို အတွေးစာရင်းမှ ဖျက်မိလေ၏။

Tomo Outside Night

Tomo Outside Night

Tomo Inside2

နောက်တစ်ဆိုင်သည်ကား ယင်း၏ လက်ခွဲဖြစ်ပေထသော ဒူးရင်းသီး အဆောက်အအုံကြီးနား၊ ခွေးခြင်္သေ့ ရုပ်တုကြီးနားမှ ဆိုင်ပင် ဖြစ်ပေ၏။ သို့သော် အကင်စာများကို ကျွနု်ပ်ကား ငြီးငွေ့လှပြီ။ အခြားဆိုင်များသို့သာ ခြေဦးလှည့်တော့အံ့။

Tomo Esplande

Tomo Esplande

နောက်တစ်ဆိုင်သည်ကား ကျွနု်ပ်၏ အကြိုက်ဖြစ်သော ယိုးဒယားစာ၊ သင်္ဘောသီးသုပ်တို့ ဖွယ်ဖွယ်ရာရာ စားသုံးနိုင်သော ထိုင်းဆိုင်ပင်ြဖစ်ပေတော့၏။ သို့သော် ဆိုင်ရှင်ဖြစ်သူ၏ ဖုန်းကညာတစ်ပါး မျက်နှာကို ပြေးမြင်မိသည်နှင့် ထိုအကြံအစည်ကို ဖျက်လိုက်ရပြန်လေတော့သည်။

Thai Restaurant

Thai Restaurant

နောက်တစ်ဆိုင်သည်ကား ဆန်တိုးစား အမည်ရှိ ကျွန်းငယ်တွင် ဖွင့်လှစ်ထားသော အိန္ဒိယ အစားအသောက်ဆိုင်ပင် ဖြစ်ပေသည်။ သို့သော် ချပါတီတစ်ချပ်အတွက် သွားရမည့်ခရီးနှင့် ယခုရက်ပိုင်း မခိုင်လှသော ဝမ်းကို စဉ်းစားမိသည်နှင့် ထိုအကြံကို ဆလံပြလိုက်ရပေတော့သည်။

Indian Restaurant One

Indian Restaurant One

Indian Restaurant Sentosa 1

Indian Restaurant Sentosa 1

Indian Restaurant Sentosa 2

Indian Restaurant Sentosa 2

နောက်နေရာတစ်ခုကား ဟော်လန်းရွာ အမည်ရှိ စားသောက်ဆိုင်များ ချည်းသာ ဖွင့်လှစ်ထားသော နေရာဖြစ်တော့၏။ ထိုနေရာရှိ ကိုရီးယားစားသောက်ဆိုင်ကား အပြောင်းအလဲတစ်ခု ဖြစ်လောက်ငြား၏ဟု တွေးမိရကား ယခုပင်ထသွားရန် အင်္ကျီကောက်စွပ်၏။ သို့သော် ဘုစုခရုမှ အစပြု၍ အရွယ်သုံးပါးသော လူတို့သည် ထိုနေရာတွင် ကြက်ပျံမကျလောက်အောင် ကြိတ်ကြိတ်တိုးနေရကား မသိသူတို့မှာ စင်္ကာပူဟူသည် အစားသောင်းကျန်းသူတို့သာ နေသော အရပ်ပါကလားဟု ထင်မှတ်ရသော နေရာ ဖြစ်ပေသည်ကို တွေးမိရကား စိတ်ညစ်ညူးလှသည်နှင့် အင်္ကျီကို ပြန်ချွတ်၏။

Korean Restaurant 1

Korean Restaurant 1

Korean Restaurant 2

Korean Restaurant 2

အနှီနေရာတို့ကို ရှောင်ကွင်းစဉ်းစားသော် ခေါင်းထဲဝင်လာသည်ကား ဘောကျော်တို့ထွက်ရာ ဘရာဇီးဒေသ အစားအစာတို့ကို သုံးဆောင်ရန် ဖြစ်၏။ သို့သော် ယင်းမှာ ဆောက်လက်စဖြစ်၍ လွှစာမှုန့်သာ စားရန် ရှိတော့၏။

Brazil Restaurant One

Brazil Restaurant One

Brazil Restaurant Two 1

Brazil Restaurant Two 1

Brazil Restaurant Two 2

Brazil Restaurant Two 2

နောက်ဆုံးမတော့ ကျွနု်ပ်သည် ကြက်ဥတစ်လုံး ကောက်ကြော်ကာ ငါးပိရည်နှင့် မြန်မာဆန်ဆန် ကုန်းတုပ်လိုက်ရလေတော့သတည်း။

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.