Playground: The Ambush


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291
Ambush08

ရဲ ဖမ်း မယ် ဆို လည်း ဖမ်း လောက် ပါ ပေ တယ်

The making ကို ရေး​မယ်​ရေး​မယ်​နဲ့ အခု​မှ ရေး​ဖြစ်​ပါ​တော့​တယ်။ ဒီ​ကား​တို​လေး​ကို ရိုက်​မယ်​လုပ်​တော့ လူ​လိုက်​စု​ရ​တာ​တင် တော်တော် ပင်ပန်း​ပါ​တယ်။ အသိ​ထဲ​မှာ သရုပ်ဆောင် လုပ်​ဖူး​တဲ့​လူ​က​လည်း မ​ရှိ​တော့ အပေါင်းအသင်း​တွေ​ကို​ပဲ အကူအညီ​တောင်း​ပြီး သရုပ်ဆောင်​ခိုင်း​ရ​ပါ​တော့​တယ်။

ဇာတ်​လမ်း​ကတော့ မယ်⁠မယ်​ရ⁠ရ​မ​ရှိ​ပါ။ Non-stop အက်​ရှင်​ကို ဘယ်​လို ကား​ဆက်​သွား​မယ်၊ Effect တွေ​ကို ဘယ်​လို​ထည့်​မယ် ဆို​တာ​က အဓိက အချက်​ပါ။ အဓိက ဇာတ်​ကောင်​ကို လူဆိုး​တွေ​က ဝိုင်း​ပစ်၊ သူ​က ပြန်​ပစ်၊ လူ​ဆုံး​အားလုံး​သေ၊ ဆရာ​ကြီး​နဲ့​တွေ့၊ တိုက်ခိုက်​ကြ၊ နောက်ဆုံး ဆရာ​ကြီး​သေ။ သမား​ရိုး​ကျ ဇာတ်​လမ်း​ပါ​ပဲ။

Ambush01

MTZO နှင့် Mafia Duo

ဆရာ​ကြီး​ကတော့ AutoCad နဲ့ ဒီ​ဇိုင်း​လောက​က ဆရာ​တစ်​ဆူ​ဖြစ်​တဲ့ MTZO ပါ။ သူ့​ဒိတ်​ကို ရ​ဖို့ နှစ်​ပတ်​လောက် ကြို​ချိတ်​ထား​ရ​တယ်။ နောက် ကျန်​တဲ့ လူဆိုး​တွေ လုပ်​ဖို့ လိုက်​အကူအညီ​တောင်း​ရ​သူ​တွေ​ကတော့ ဂျာ​ဂျာ၊ MMO နဲ့ စည်​သူ​တို့​ပါ။ သူ​တို့​လည်း ခေ​သူ​တွေ​တော့ မ​ဟုတ်။ ကိုယ့်​နယ်ပယ်​နဲ့​ကိုယ် Professional တွေ​ပါ​ပဲ။ ခင်​လွန်း​လို့​သာ လူကြမ်း​လုပ်​ပေး​ကြ​တာ။ ကင်​မ​ရာ​မင်း​တစ်​ယောက်​လို​နေ​တာ​နဲ့ ဂျွန်​မိုး​အိမ်​ကို လှမ်း​အကူ​တောင်း​ထား​လိုက်​ပါ​တယ်။

Ambush06

ည ဘက် ကလေး များ အလစ် တွင် ရိုက် ကွင်း ကို သွား ရောက် လေ့ လာ စဉ်။

ရိုက်​ကွင်း​နေရာ​ကို​တော့ အိမ်​အောက်​ကို​ပဲ ရွေး​ထား​လိုက်​တယ်။ ပစ်​ခတ်၊ ရှောင်​တိမ်း စ​တဲ့ အဆက်​အစပ်​တွေ​ကို တွက်ချက်​ရ​တာ​တင် တစ်​နာရီ​လောက်​ကြာ​တယ်။ Storyboard ရေး​တာ​ကတော့ သုံး​နာရီ​လောက်​ကြာ​သွား​ပါ​တယ်။

Ambush02

မျက်နှာမြင် ရိုက် ချင် ပါ စေ ဟူ သော ဆုတောင်း ပြည့် လောက် ၏။

တကယ်​ရိုက်​မယ့် မနက်​မှာ မင်းသား​မင်းသမီး​တွေ​ကို လူ​စုံ​အောင်​စောင့်​တာ၊ မနက်​စာ​စား​တာ​တွေ​နဲ့ မနက် ၁​၁ နာရီ​မှ စရိုက်​ဖြစ်​ပါ​တော့​တယ်။ ရိုက်​ပြီး ဘယ်လောက်​မှ မ​ကြာ​သေး​ခင် ဘယ်​သူ​အတို့​အထောင် လုပ်​လိုက်​တယ် မ​သိ၊ ရဲ​နှစ်​ယောက်​ပေါက်​ချ​လာ​ပြီး ဟို​မေး​ဒီ​မေး​နဲ့ ရိုက်​တာ​မှာ​သုံး​တဲ့ သေ​နတ်​တွေ​ပါ သေချာ လိုက်​စစ်​ပါ​တော့​တယ်။ စင်္ကာ​ပူ​မှာ ကော်​ကျည်​ဆန် ထည့်​ပစ်​ရ​တဲ့ Airsoft သေ​နတ်​တွေ​ကို ဘန်း​ထား​တယ်။ သေ​နတ်​တွေ​က Airsoft မဟုတ်​တာ​ရယ်၊ ကျောင်း​ပ​ရော​ဂျက်​အတွက် ရိုက်​နေ​တယ်​လို့​ရယ် လျှောက်​ပြော​လိုက်​တော့​မှ​ပဲ မောင်မင်း​ကြီး​သား နှစ်​ကောင် ထွက်​သွား​တော့​တယ်။

Ambush04

အိုင် ဖုန်း ကင် မ ရာ များ နှင့် ရိုက် နေ စဉ်

ကင်​မ​ရာ​အတွက် အထူး​တ​လည် ရှာ​မ​နေ​တော့​ပါ။ လက်​ထဲ​မှာ ရှိ​တဲ့ အိုင်​ဖုန်း​ဖိုး​တွေ​နဲ့​ပဲ ရိုက်​လိုက်​ကြ​တယ်။ တကယ်​ရိုက်​တော့ ဇာတ်​လမ်း​မှာ ပါ​တဲ့​အတိုင်း လူ​ပြည့်​အောင်​ရိုက်​ဖို့ လို​နေ​တယ်။ အဲ​ဒါ​နဲ့ ဂျာ⁠ဂျာ​ကို နှစ်​ခါ​ပြန် သေ​ခိုင်းလိုက်​တယ်။ ဂျွန်​မိုး​အိမ်​ကို​လည်း ဂျာ​ကင်​တစ်​ထည်​ကောက်​စွပ်​ပေး​ပြီး လူဆိုး​လုပ်​ခိုင်းလိုက်​တာ ခ​မျာ အတော် စိတ်ညစ်​သွား​ရှာ​တယ်။ မြက်ခင်း​ထဲ ဖြတ်​ပြေး​ကြ​တာ ခွေး​ချေး နင်း​မိ​တဲ့ လူ​လည်း​နင်း​မိ။

Ambush05

ဤသို့ ဒါ ရိုက် တာ က ခိုင်း ချင် ရာ ခိုင်း ၍ သရုပ်ဆောင် များ က လည်း လုပ် ချင် ရာ လုပ် ကြ သည်။

ရိုက်​ရင်း​နဲ့ နေ​လည်း​မြင့်​လာ​သ​လို လူ​တွေ​လည်း နွမ်း၊ ချွေး​တွေ​လည်း​ပြန်​နဲ့ ကုတ်​အင်္ကျီ​တွေ​အောက်​မှာ အတော်​နေ​ရ​ခက်​လာ​ပြီ။ တိုက်ခန်း​တွေပေါ်​က ကလေး​တွေ​လည်း အော်ဟစ်​ပြီး အားပေး​ကြ​တယ်။ ဆရာ​ကြီး​လုပ်​တဲ့ MTZO က တော်​ပြီ​ဆို​ပြီး ထွက်​ထွက်ပြေး​နေ​လို့ မ​နည်း ဖမ်းဆွဲ​ထား​ရ​တယ်။

Ambush07

အီ တာ လျံ မာ ဖီး ယား အုပ်စု - "ကဲ လူ စုံ ပြီ.. ဘဏ် သွား ဖောက် ကြ စို့"

မွန်း​လွဲ​နှစ်​နာရီ​လောက်​မှာ​တော့ ရိုက်​ပြီး​သွား​ပါ​တယ်။ အဲ​ဒီ​နောက်​မှာ Editing နဲ့ အထူး​ပြုလုပ်​ချက်၊ အသံ​တွေ လိုက်​ထည့်​တာ နောက်​တစ်​ပတ်​ကြာ​သွား​တယ်။ ဒီ​ဗီ​ဒီ​ယို​ကို ကိုယ့်ဟာ​ကိုယ် ပြန်​ကြည့်​မိ​တော့ က​လင့်​အိစ်​ဝုဒ် ရိုက်​ခဲ့​တဲ့ Dirty Harry ဇာတ်​ကား​တွေ​ကို သတိရ​လို့ ပြုံး​ဖြီး​ဖြီး ဖြစ်​သွား​တယ်။ :P

Double Duel


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291


This guy from YouTube inspired me. A speech from one of his videos highlighted my faded ambition, a movie maker.

“If you want to make movies, keep doing it.”

This is my first attempt for making movie after leaving Myanmar. It’s a typical cowboy duel scene. It was shot during my visit to Jarmoe’s apartment. Sithu kindly help me being cameraman. Who’s the actor? It’s me, me.:P Well, camera I used was iPhone4. If you can bear the shaky camera, poor lighting and untidy effects, please watch this. :)

TriBot သုံးချောင်းထောက် စက်ရုပ်


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291

ဖိုင်အဟောင်းတွေ ပြန်ဖွရင်းက သုံးချောင်းထောက် စက်ရုပ်ပုံကို သွားပြန်တွေ့တယ်။ အဲဒီတုန်းက အွန်လိုင်းမှာ မတော်တဆ တွေ့ခဲ့တဲ့ Concept Art တစ်ခုကနေ Inspiration ရပြီးလိုက်ဆွဲထားတာ။ အခုပြန်ကြည့်တော့… ဟားဟားဟား။

TriBot

TriBot

အခုပြန်ကြည့်တော့ ခြေသုံးချောင်းတည်းနဲ့ ဘယ်လိုမှ ယုတ္တိမရှိဘူး ဖြစ်နေတယ်။ သွားလာတာပဲဖြစ်ဖြစ် တိုက်ခိုက်တာပဲဖြစ်ဖြစ် Balance အောက် နေတယ်။ ဒါပေမယ့် Detail တွေကက မဆိုးဘူး။ ဒီဇိုင်းနည်းနည်းပြင်လိုက်ပြီး Texture ကောင်းကောင်းပေးလိုက်ရင် ဇာတ်လမ်းတစ်ခုခုမှာ ပြန်သုံးလို့ ရကောင်းရဲ့။

Demo Reel


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291

၂၀ဝ၁ ကနေ ၂၀ဝ၉ ထိ လုပ်ထားတဲ့ အလုပ်တွေကို အကျဉ်းချုပ် ပြနိုင်အောင်၊ ပြရအောင် အရင်က clip တွေ Render တွေထုက ကောင်းနိုးရာရာလေးတွေ ဖြတ်ပြီး ဒီဗီဒီယိုကို လုပ်တယ်။

One of my demo reel videos. I used to use it to show off my creations. But after a while, I began to understand that I need to learn a lot more. The world is really wide and I am still just a small fry:)…

Demoreel from Lionslayer on Vimeo.

Power YoYo


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291

ပါဝါရိန်းဂျားစတိုင် ကလေးသုံးယောက်ကို ဇာတ်ကောင်လုပ်ဖို့ တစ်ရက်မှာ အိုင်ဒီယာ ရတယ်။ သူတို့ထဲကတစ်ယောက်က ဝတုတ်လေး။ သူ့ရဲ့ နာမည်ဝှက်က Power YoYo ။ သူ့ရဲ့လက်နက်က ယိုယို့။ သူကိုယ်တိုင်လည်း သူ့ရဲ့ ဝလုံးနေတဲ့ ခန္ဓာကိုယ်ကို ယိုယို့လို လှုပ်ရှားနိုင်တယ်။

Power YoYo

Power YoYo

သူ့ရဲ့ အသွင်အပြင်နဲ့ စရိုက်တွေက အစားကြီးတယ်။ အပြောကြီးတယ်။ စာညံ့တယ်။ ကြောက်တတ်တယ်။ တစ်ခုခုဖြစ်ရင် ရှေ့ဆုံးက ထွက်ပြေးမယ့်သူ။ ဒါပေမယ့် တကယ်လိုအပ်လာပြီဆိုရင် စွန့်လွှတ် အနစ်နာခံနိုင်တဲ့သူ။ အလွယ်တကူ စိတ်မညစ်တတ်ဘဲ အမြဲ လိုလို ပျော်ပျော်နေတတ်တယ်။

ဇာတ်ကောင် နာမည်နှင့် ဒီဇိုင်း – Lionslayer

ဒိတ်ဒိတ်ကြဲ


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1291

ရန်ကုန်ရဲ့ တစ်ရက်မှာ ပျင်းပျင်းရှိတာနဲ့ မီးလာတုန်း ဒီပုံကို ဆွဲလိုက်တယ်။ လိုင်းတွေကို Toonboom မှာ ဆွဲတယ်။ အရောင်ကို Photoshop မှာ ဖြည့်တယ်။ ခပ်သွက်သွက်ခံစားမှုရအောင် နောက်ခံအဖြစ် အရောင်တွေ အများကြီးပါတဲ့ ဓာတ်ပုံတစ်ခုကို Motion Blur ပေးလိုက်တယ်။

သူ့နာမည်က စစ်သားလေးဒိတ်ဒိတ်ကြဲ။ ဘယ်တော့မှကျည်မကုန်တဲ့ သေနတ် နှစ်လက်ကို ကိုင်တယ်။ တစ်ကိုယ်တော်လူစွမ်းကောင်းဝါဒီဖြစ်တယ်။ ဒါပေမယ့် သူ့ကိုစိတ်တိုအောင် သွားလုပ်ရင် ဘယ်သူ့ကိုမဆို မသေမချင်း သေနတ်နဲ့ ပစ်သတ်လိမ့်မယ်။

ဇာတ်ကောင်နာမည် – by El Dorado Digital Media

ဇာတ်ကောင် ဒီဇိုင်း – by Lionslayer

ဒိတ်ဒိတ်ကြဲ

ဒိတ်ဒိတ်ကြဲ

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.