I tried to make my name a graffiti animation out of 3DsMax. The background and other retouching were done in Afx.
Autodesk က Max new versions တွေ ထုတ်ရင် အပြောင်းအလဲ သိပ်ကြီးကြီးမားမား မရှိတတ်ပေမယ့် ဒီတစ်ခါတော့ အသစ်အဆန်းတွေ အများအပြားနဲ့ ထွက်လာပါပြီ။ Max Crazy တွေကတော့ သိပြီးကြလောက်ပါပြီ။ မစမ်းကြည့်ရသေးတဲ့လူတွေ၊ 3D စတော့မယ်၊ ဘာဆော့ဝဲသုံးရင်းကောင်းမလဲလို့ ချီတုံချတုံ ဖြစ်နေသူတွေအတွက် Max 2011 ရဲ့ Features တွေကို အတိုချုံး မိတ်ဆက်ပေးပါ့မယ်။
၁။ Max ကထွက်တဲ့ Render တွေဟာ ကိုယ်စိတ်ကြိုက် တန်းဖြစ်လာဖို့ ခဲယဉ်းပါတယ်။ Composite Software တစ်ခုခုမှာ ပြန်သရတာက ထုံးစံပါ။ ဒါပေမယ့် Max package ထဲမှာ တစ်ခါတည်း ပါလာတဲ့ Composite က ဒီပြဿနာတွေကို အလွယ် ဖြေရှင်းပေးပါလိမ့်မယ်။ Max Render မှာပါတဲ့ Channels တွေကို အပြည့်အဝ နားလည်တဲ့အတွက် Motion Blur, Depth of Field, Image Exposure အစရှိတဲ့ Effects တွေကို အချိန်မကုန်ဘဲ ဖန်တီးနိုင်ပါလိမ့်မယ်။
၂။ Scene ထဲမှာ ကျောက်တုံးတွေ မြက်တွေ ပန်းပွင့်တွေ ကြဲဖြန့်ဖို့၊ ပြန့်ကြဲနေတဲ့ Object တွေရဲ့ Texture တွေ တစ်ခုနဲ့တစ်ခု ကွက်တိတူမနေအောင် လိုက်ပြင်ဖို့ Map တစ်ခုချင်း အသေးစိတ် လိုက်လုပ်ဖို့ စိတ်ညစ်နေပါသလား။ ဒီ Object Paint က အဲဒါတွေရဲ့ အဖြေပါ။
၃။ ကိုယ်လိုချင်တဲ့ Tool က Screen ထောင့်နားမှာရောက်နေလို့ အဲဒါကို သုံးခါနီးတိုင်း တစ်မေ့တစ်မောကြီး သွားသွား ကလစ်နှိပ်နေရတယ်။ မပူပါနဲ့တော့။ User Interface Customization က ကိုယ်လိုချင်တဲ့ Menu တွေကို ကိုယ်စိတ်ကြိုက်နေရာမှာ ထားလို့ရအောင် ကူညီပေးပါလိမ့်မယ်။
၄။ အရင်က Material Editor မှာ ဘယ် Map ကို ဘယ်နေရာမှာသုံးထားလဲဆိုတာ တစ်ခုချင်း လိုက်ဖွင့်ကြညိ့နေရတယ်။ အခု Node Based Slate Material Editor အသစ်က အဲဒါကို ဖြေရှင်းပေးထားပါတယ်။ ရှုပ်ထွေးလှတဲ့ Materials တွေကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာ ဖန်တီးနိုင်ပါလိမ့်မယ်။ အသစ်တော့မဟုတ်ပါ။ တခြား 3D ဆော့ဝဲတွေမှာ ပါနေတာတော့ ကြာပါပြီ။
၅။ Bodypaint 3D လိုမျိုး ဆော့ဝဲတွေမှာ သွားသွားပြီး 3D Model တွေကို ဆေးခြယ်နေရတဲ့ ဒုက္ခက လွတ်ပါပြီ။ ဒီ Max က Viewport Canvas ထဲမှာတင် Photoshop ပုံစံ layer အမြောက်အများနဲ့ အသေးစိတ် ဆေးခြယ်နိုင်ပါပြီ။ Viewport Canvas က Max 2010 မှာ စပါခဲ့ပေမယ့် အခု Version က ပိုပြည့်စုံ ကောင်းမွန်ပါတယ်။
၆။ Quicksilver Hardware Renderer က CPU ရော Graphic Card က GPU ပါသုံးပြီး Render လုပ်ပေးနိုင်တဲ့ Renderer အသစ်ဖြစ်ပါတယ်။ Render ကြာလို့ စိတ်ညစ်နေသူတွေ စိတ်ကြိုက်ဖြစ်မယ့် New Renderer ပါ။ တော်တော်ကြည့်ပျော်ရှုပျော်ရှိတဲ့ Fake GI တွေကိုလည်း simulate လုပ်ပေးနိုင်ပါသေးတယ်။ Production Render လုပ်နေသူတွေအတွက်လည်း Final မထုတ်ခင် ဒါနဲ့ အစမ်းသဘောမျိုး အမြန် ထုတ်ကြည့်နိုင်ပါသေးတယ်။
V-ray အတွက် ကလည်း sp1.5 for Max2011 ထွက်ပါပြီတဲ့။ ကဲ Max ကို တစ်ခွေတစ်ထောင်နဲ့ဝယ်ပြီး အဲ.. ဒေါ်လာ ၃၅၀ဝ နဲ့ ဝယ်ပြီး စမ်းကြည့် လိုက်ကြရအောင်။ :P
Proudly powered by WordPress
Theme: Esquire by Matthew Buchanan.