3Ds Max 2011

3ds-max-logo-latest

Autodesk က Max new versions တွေ ထုတ်ရင် အပြောင်းအလဲ သိပ်ကြီးကြီးမားမား မရှိတတ်ပေမယ့် ဒီတစ်ခါတော့ အသစ်အဆန်းတွေ အများအပြားနဲ့ ထွက်လာပါပြီ။ Max Crazy တွေကတော့ သိပြီးကြလောက်ပါပြီ။ မစမ်းကြည့်ရသေးတဲ့လူတွေ၊ 3D စတော့မယ်၊ ဘာဆော့ဝဲသုံးရင်းကောင်းမလဲလို့ ချီတုံချတုံ ဖြစ်နေသူတွေအတွက် Max 2011 ရဲ့ Features တွေကို အတိုချုံး မိတ်ဆက်ပေးပါ့မယ်။

Composite 2011

၁။ Max ကထွက်တဲ့ Render တွေဟာ ကိုယ်စိတ်ကြိုက် တန်းဖြစ်လာဖို့ ခဲယဉ်းပါတယ်။ Composite Software တစ်ခုခုမှာ ပြန်သရတာက ထုံးစံပါ။ ဒါပေမယ့် Max package ထဲမှာ တစ်ခါတည်း ပါလာတဲ့ Composite က ဒီပြဿနာတွေကို အလွယ် ဖြေရှင်းပေးပါလိမ့်မယ်။ Max Render မှာပါတဲ့ Channels တွေကို အပြည့်အဝ နားလည်တဲ့အတွက် Motion Blur, Depth of Field, Image Exposure အစရှိတဲ့ Effects တွေကို အချိန်မကုန်ဘဲ ဖန်တီးနိုင်ပါလိမ့်မယ်။

Object Paint

၂။ Scene ထဲမှာ ကျောက်တုံးတွေ မြက်တွေ ပန်းပွင့်တွေ ကြဲဖြန့်ဖို့၊ ပြန့်ကြဲနေတဲ့ Object တွေရဲ့ Texture တွေ တစ်ခုနဲ့တစ်ခု ကွက်တိတူမနေအောင် လိုက်ပြင်ဖို့ Map တစ်ခုချင်း အသေးစိတ် လိုက်လုပ်ဖို့ စိတ်ညစ်နေပါသလား။ ဒီ Object Paint က အဲဒါတွေရဲ့ အဖြေပါ။

UI customization

၃။ ကိုယ်လိုချင်တဲ့ Tool က Screen ထောင့်နားမှာရောက်နေလို့ အဲဒါကို သုံးခါနီးတိုင်း တစ်မေ့တစ်မောကြီး သွားသွား ကလစ်နှိပ်နေရတယ်။ မပူပါနဲ့တော့။ User Interface Customization က ကိုယ်လိုချင်တဲ့ Menu တွေကို ကိုယ်စိတ်ကြိုက်နေရာမှာ ထားလို့ရအောင် ကူညီပေးပါလိမ့်မယ်။

Slate Mat Editor

၄။ အရင်က Material Editor မှာ ဘယ် Map ကို ဘယ်နေရာမှာသုံးထားလဲဆိုတာ တစ်ခုချင်း လိုက်ဖွင့်ကြညိ့နေရတယ်။ အခု Node Based Slate Material Editor အသစ်က အဲဒါကို ဖြေရှင်းပေးထားပါတယ်။ ရှုပ်ထွေးလှတဲ့ Materials တွေကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာ ဖန်တီးနိုင်ပါလိမ့်မယ်။ အသစ်တော့မဟုတ်ပါ။ တခြား 3D ဆော့ဝဲတွေမှာ ပါနေတာတော့ ကြာပါပြီ။

Viewport Canvas

၅။ Bodypaint 3D လိုမျိုး ဆော့ဝဲတွေမှာ သွားသွားပြီး 3D Model တွေကို ဆေးခြယ်နေရတဲ့ ဒုက္ခက လွတ်ပါပြီ။ ဒီ Max က Viewport Canvas ထဲမှာတင် Photoshop ပုံစံ layer အမြောက်အများနဲ့ အသေးစိတ် ဆေးခြယ်နိုင်ပါပြီ။ Viewport Canvas က Max 2010 မှာ စပါခဲ့ပေမယ့် အခု Version က ပိုပြည့်စုံ ကောင်းမွန်ပါတယ်။

Quicksilver Hardware Renderer

၆။ Quicksilver Hardware Renderer က CPU ရော Graphic Card က GPU ပါသုံးပြီး Render လုပ်ပေးနိုင်တဲ့ Renderer အသစ်ဖြစ်ပါတယ်။ Render ကြာလို့ စိတ်ညစ်နေသူတွေ စိတ်ကြိုက်ဖြစ်မယ့် New Renderer ပါ။ တော်တော်ကြည့်ပျော်ရှုပျော်ရှိတဲ့ Fake GI တွေကိုလည်း simulate လုပ်ပေးနိုင်ပါသေးတယ်။ Production Render လုပ်နေသူတွေအတွက်လည်း Final မထုတ်ခင် ဒါနဲ့ အစမ်းသဘောမျိုး အမြန် ထုတ်ကြည့်နိုင်ပါသေးတယ်။

V-ray အတွက် ကလည်း sp1.5 for Max2011 ထွက်ပါပြီတဲ့။ ကဲ Max ကို တစ်ခွေတစ်ထောင်နဲ့ဝယ်ပြီး အဲ.. ဒေါ်လာ ၃၅၀ဝ နဲ့ ဝယ်ပြီး စမ်းကြည့် လိုက်ကြရအောင်။ :P

Crazy Little Jets

ဒီရက်ပိုင်း Game Developer တစ်ယောက်ကို ကူညီတဲ့အနေနဲ့ Character လေးတွေ ဖန်တီးဖြစ်သွားတယ်။ လေယာဉ်ဂိမ်းဆိုတော့ ပထမတော့ အလုပ်ကလည်း ဒီရက်ပိုင်း များနေတာနဲ့ အွန်လိုင်းကပဲ ကောင်းနိုးရာရာလေးတွေ ရှာပြီး ဖြတ်ဖောက်ချုပ်လုပ်လိုက်မလို့ပဲ။ :P ဒါပေမယ့် ကာတွန်း 3D Model တွေ ဘယ်လိုမှ ရှာမရတာနဲ့ ကိုယ်ဟာကိုယ်ပဲ နှစ်နာရီလောက် ငုတ်တုတ်ထိုင် စဉ်းစားလိုက်တာ ဇာတ်ကောင်ငါးခု ပုံကြမ်းထွက်လာတယ်။ အဲဒါတွေကို 3D နဲ့ ကောက်ဆွဲလိုက်တော့ ဒီလိုမျိုး Lowpoly ဇာတ်ကောင်တွေ ထွက်လာပါတယ်။

Planes Parade

Planes Parade: Vertex 1681, Poly 3230

Model နဲ့ Unwrap UVW ကို Max ထဲမှာပဲ ဆွဲလိုက်တယ်။ Texture တွေကိုတော့ Bodypaint3D ထဲမှာ ခြယ်တယ်။

Jeppy – ပျော်ပျော်နေတတ်တဲ့ တက်ကြွတဲ့ လေယာဉ်လေး။
EmoGlide – ဒီအဝါရောင် ကောင်လေးက အဆွေးသမား။
RedMad – အနီရောင် ကော်ပတာလေးက စိတ်လက်တစ်ဆစ်။ ##my Favorite##
Ninjet – နင်ဂျာ ကိုယ်ပျောက်လေယာဉ်။
Booing – ဝဝတုတ်တုတ် ချစ်ချစ်ပုတ်။

How to Model a Chandelier

မီးပန်းဆိုင်းတွေကို ကြည့်လိုက်ရင် ရှုပ်ရှက်ခတ်နေတယ်လို့ ထင်ရမယ်။ 3D Scene ထဲမှာ ထည့်ဖို့ လိုလာရင် ဘာမှ ဆက်မလုပ်ချင်လောက်အောင် စိတ်ညစ်ဖို့ကောင်းတဲ့အလုပ်။ ဒါပေမယ့် မီးပန်းဆိုင်းဆွဲရတာ ထင်သလောက်မခက်လှ။ သူ့မှာ ပုံသေ ပုံစံတစ်ခုခုကို ဝင်ရိုးတစ်ခုခုပေါ်မှာ လှည့်ထားတတ်တာ ဖြစ်တဲ့အတွက် တစ်ဆင့်ချင်း အလွယ်တကူ ဆွဲလို့ ဖြစ်တယ်။

Chandelier Tutorial Fig - 01

Chandelier Tutorial Fig - 01

၁။ မီးပန်းဆိုင်းပုံကို Background/ Textured Plane ထားပါ။

Chandelier Tutorial Fig - 02

Chandelier Tutorial Fig - 02

၂။ အလယ်ဝင်ရိုးကို Line နဲ့ Trace လိုက်ပြီး Lathe Modifier ပေး၊ လှည့်လိုက်ပါ။ လိုအပ်ရင် အလယ်ဝင်ရိုးရဲ့ Objectတွေကို တစ်ခုချင်း ဆွဲပါ။

Chandelier Tutorial Fig - 03

Chandelier Tutorial Fig - 03

၃။ မောင်းတံ ဘယ်နှစ်မျိုးရှိလဲဆိုတာ သေချာကြည့်ပါ။ ရှိသမျှ မောင်းတံအမျိုးအစားတွေကို တစ်ခုစီ ဆွဲပါ။ ဒီနေရာမှာ အသေးစိတ်ဆွဲဖို့ လိုပါတယ်။

Chandelier Tutorial Fig - 04

Chandelier Tutorial Fig - 04

၄။ မောင်းတံမှာ ပါတဲ့ Object တွေကို Group လုပ်လိုက်ပါ။ Group ရဲ့ Pivot Center ကို ဝင်ရိုးအလယ်တည့်တည့်မှာ ထားပေးပါ။

Chandelier Tutorial Fig - 05

Chandelier Tutorial Fig - 05

၅။ နောက် မောင်းတံဘယ်နှခုရှိလဲ ခန့်မှန်းပါ။ ၃၆၀ ဒီကရီကို မောင်းတံအရေအတွက်နဲ့ စားပါ။ နောက် Rotate Tool ကိုသုံးပြီး စောစောက ရလာတဲ့ ဒီကရီအတိုင်းလှည့် Instance နဲ့ Copy ကူးပါ။ Copy အရေအတွက်ကို စုစုပေါင်း မောင်းတံအရေအတွက်ကနေ တစ် နှုတ်ပြီး ပေးပါ။ အဲဒီအတိုင်း ကျန်တဲ့ မောင်းတံ အမျိုးအစားတွေကို လိုက်လုပ်ပေးပါ။

Chandelier Tutorial Fig - 07

Chandelier Tutorial Fig - 07

ဒါဆိုရင် ရှုပ်လှပါတယ်ဆိုတဲ့ မီးပန်းဆိုင်းတစ်ခု ရပြီ။ ဘယ်နှယ့်လဲ လွယ်တယ် မဟုတ်လား။ ;P

Moroccan Chandelier

Chandelier in Moroccan Style Room

Autumn Deja Vu

ဒီပုလဲသွယ်
ကြိုးပြတ်မယ်ဆိုရင်
ခုအချိန်ပဲ။
စောင့်ရတယ် ဆိုတာမျိုးကို
မကြိုက်ပေမယ့်
အချစ်ပွင့်ဖို့
ငါဘယ်လောက် စောင့်နိုင်မှာလဲ။

(Idei Mitsuya)

I got inspired from this post of U Belu. I got an idea to make a simple scene by composing most of mappings I’ve seen.

(1) Two ready-made plants was imported into Max and adjust the camera angle and plants positions. While the red-leaf plant was the focus point, the green-leaf one was the support.
(2) The mappings of red leaves were extracted from the photo of the red leaves. I made the separated alpha channels too.
Plant Bali
(3) The leaf textures were mapped on 3D models as v-ray materials. Alpha channels were applied to opacity slots too. While reflection was on, refraction was off to reduce the render time.
(4) I quickly modeled the scattered stones and mapped with pebbles image. UVW mapping were adjusted with the planner mappings.
Textured pebbles
(5) Butterfly model was quick. I used line and extrude commands to model the wings. The butterfly body was line and loft. The antennae and legs were simple lines and edit mesh. They were mapped with the purple butterfly image. I give it a little animation to get a motion-blur effect. Wings were made transparent to be able to see through sunlight and shadow.
Butterfly
(6) I used the HD textures for grass and water. Grass was the enforced with displacement mapping. The water effect was quickly achieved by using noise mapping as a bump map.
(7) The cloudy sun image was used for sphere sky. You can only see a bit in the reflection of water. But it greatly affected overall GI. Yellow plants were used for the reflection of water.
Cloudy Sun
(8) I modeled the spider web using line command based on this spider web image. I used a low-res Geosphere to scatter as water drops on spider web. The scattered spheres count exceeded 5000 spheres. (Well, in the final image, you cannot really see. :P what a joke.)
Spider Web
(9) I threw some red fallen leaves on water. They were simple line and extrude models with a little noise modifier.
(10) A single v-ray sunlight was set. Environment color was set to be yellow-white to emulate the morning feel.
(11) After adjusting render settings to optimized medium, I rendered irradient and a light cache file. It was the pre-caution from unexpected crush of 3dsmax. Then there went a one hour render on my duel 4 core Xeon workstation.
(12) Using the magics of Photoshop, I retouched the image. The name was given as “Autumn Deja Vu” because I felt like it. It was really fun to do this little project.

Autumn Deja Vu

Autumn Deja Vu (Click on image for larger view)

ဘိုလီဗတ် အရှုပ်တော်ပုံ

တစ်နေ့တွင် ဝမ်းမရီနာ ဘိုလီဗတ်သို့ ဖော်မပါတစ်ကိုယ်တည်း ကင်မရာတစ်လုံး၊ ပေကြိုးတစ်ချောင်းဆွဲကာ ထွက်ခဲ့လေ၏။ အခါတိုင်းကား သူတပါးရိုက်လာပေးသော ဓာတ်ပုံ၊ အတိုင်းအတာ၊ Autocad Plan တို့ကို အခြေတည်ကာ 3D ပုံများ ဆွဲရသော်ငြား ယခုတွင် ကိုယ်စီကိုယ်စီ မအားမလပ်နိုင်အောင် ရှိကြသောကြောင့် တစ်ကိုယ်တော် ကြဲရတော့မည်။

သို့ဖြင့် ယင်းသို့ရောက်သော် လုံခြုံရေးအမျိုးသမီးကို ခွင့်တောင်းရ၏။ ယင်းကား အူကြောင်ကြောင်လုပ်နေသဖြင့် နောက်ဆုံးတွင် ကောင်တာမှ အမျိုးသမီးထံ ရောက်သွားလေ၏။

“ဓာတ်ပုံရိုက်မယ်နော်”
“အဟင်းဟင်း မောင်လေးကလည်း ဘာတွေ လာပြောနေတာလဲ”
“ဒီလော်ဘီကို ဓာတ်ပုံရိုက်မယ်လို့ ပြောတာခင်ဗျ”
မချောကား မျက်နှာတစ်ချက် တင်းသွားကာ သူ့ဘေးမှ အမျိုးသမီးနှင့် ကြိတ်ကြိတ်ကြိတ်ကြိတ် တိုင်ပင်လေ၏။ ယင်းနောက် ကျွန်ုပ်ဘက် ပြန်လှည့်လာလေသည်။

“ဓာတ်ပုံရိုက်ဖို့ ခွင့်မပြုနိုင်ပါဘူးရှင့်.. 12 ထပ်က အဆောက်အအုံထိန်းသိမ်းရေးက စာထုတ်ပေးမှ ရိုက်လို့ရမယ်”

သို့ဖြင့် ကျွန်ုပ်လည်း ၁၂ ထပ် တက်ရ၏။ အနှီပုဂ္ဂိုဟ်ကား သဘောကောင်းလှ၏။ သူအောက်ကလူတွေကို အကြောင်းကြားလိုက်မည်။ ရိုက်သာရိုက်ပါဟူ၏။ သို့နှင့် ကျွန်ုပ်လည်း အောက်ထပ် ပြန်ဆင်း၏။ ရိုက်မည်ပြု၏။ လုံခြုံရေးအမျိုးသမီးက လာတား၏။ ကောင်တာသို့ရောက်၏။ ကောင်တာမှ မချောနှင့် အခြေအတင် စကားများးကြ၏။ လုံခြုံရေးမှ လူကြီးရောက်လာ၏။ ကျွန်ုပ်က ရှင်းပြ၏။ ၁၂ ထပ်သို့ ဝေါ်ကီတော်ကီများဖြင့် လှမ်းဆက်ကြ၏။ အော်ကြ၏။ ပြောကြ၏။ အချင်းချင်းလည်း စကားများကြ၏။ နောက်ဆုံးတွင်ကား ရိုက်နိုင်ပါပြီဟူ၏။

ဤပုံကား ကျွန်ုပ်ကိုယ်တိုင် ရိုက်ကူးတိုင်းတာခဲ့သော အချက်အလက်များကို အခြေခံ၍ ဒီဇိုင်းဆွဲထားသောပုံဖြစ်လေတော့သတည်း။ :P

One Marina

360 Degree Panorama

ငွေဆောင် နဲ့ နတ်ကျောက်ပုံ ပန်နိုရားမားတွေ တင်ပြီးတဲ့နောက် သူငယ်ချင်းကောင်းများက ဤသို့ ထောပနာ ပြုကြလေကုန်သည်။

MTZO: “ဟင်… ပုံက အပြည့်လည်း မရဘူး.. ဒီမှာ ကြည့် သူများတွေ ဘယ်လိုလုပ်ထားလဲဆိုတာ..” (Google Map Street View ကိုဖွင့်လျက်)။

Sithu: “ဟွန့် 360 ဒီဂရီလည်း ဟုတ်ဘူး…” (၎င်းလေသံကား ရှော်လိုက်လေခြင်းဟူသော Tone အပြည့်အဝ ပါသတည်း။)

ထို့ကြောင့် ကျွန်ုပ်သည် ရိုးရိုးကင်မရာတစ်လုံးသည် 35mm lens သာရှိကြောင်း၊ ရေပြင်ညီ ဒီဂရီအားဖြင့် 53 ဒီကရီ မျှသာ ရှိကြောင်း၊ ထို့ကြောင့် 360 ဒီဂရီ အပြည့်အဝ ဖမ်းမိစေရန် အနည်းဆုံး ဓာတ်ပုံ ၇ ပုံ ရိုက်ရမည်ဖြစ်ကြောင်း၊ ယင်းပုံများကို ဆက်သောအခါတွင်လည်း အခက်အခဲများစွာ ရှိကြောင်း၊ ပုံများ တွန့်ခြင်း ကွေးခြင်း ဖြစ်တတ်ကြောင်း၊ မြင်ကွင်းကျယ် ကင်မရာသုံးမှသာ ပုံကောင်းကောင်းရမည်ဖြစ်ကြောင်း၊ Tripod ဒေါက်တံခံကာ ရိုက်မှသာ အသေးစိတ်မှန်ကန်သော ပုံရနိုင်မည်ဖြစ်ကြောင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် နာရီဝက်မျှ အချိန်ကုန်ခံကာ ရှင်းပြပါသော်လည်း ခေါင်းတခါခါ လည်တခါခါနှင့် ညံတာက ညံ့တာပါပဲကွာ ဟု အမူအရာဆောင်သော လက္ခဏာများကို ပြကြလေ၏။

နောက်ဆုံးတွင် မခံမရပ်နိုင်သော ကျွန်ုပ်မှာ အပြင်ကင်မရာနှင့် ရိုက်မရလျှင် ရှိစေတော့၊ 3D ကင်မရာနှင့် ရိုက်တော့အံ့ ဟု ကြုံးဝါးကာ အင်္ကျီလက်ကို ပင့်လျက် ယခင်ဖိုင်အဟောင်း အချို့ကို Panorama Utility ဖြင့် အားကြိုးမာန်တက် Render လုပ်လိုက်ရာတွင်မှ အနှီ ပုဂ္ဂိုဟ်အကောင်းစားလေးတို့ကား ပါးစပ်အဟောင်းသား ရှိကြလေကုန်တော့သတည်း။
:D :D

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.