ဘိုလီဗတ် အရှုပ်တော်ပုံ

တစ်နေ့တွင် ဝမ်းမရီနာ ဘိုလီဗတ်သို့ ဖော်မပါတစ်ကိုယ်တည်း ကင်မရာတစ်လုံး၊ ပေကြိုးတစ်ချောင်းဆွဲကာ ထွက်ခဲ့လေ၏။ အခါတိုင်းကား သူတပါးရိုက်လာပေးသော ဓာတ်ပုံ၊ အတိုင်းအတာ၊ Autocad Plan တို့ကို အခြေတည်ကာ 3D ပုံများ ဆွဲရသော်ငြား ယခုတွင် ကိုယ်စီကိုယ်စီ မအားမလပ်နိုင်အောင် ရှိကြသောကြောင့် တစ်ကိုယ်တော် ကြဲရတော့မည်။

သို့ဖြင့် ယင်းသို့ရောက်သော် လုံခြုံရေးအမျိုးသမီးကို ခွင့်တောင်းရ၏။ ယင်းကား အူကြောင်ကြောင်လုပ်နေသဖြင့် နောက်ဆုံးတွင် ကောင်တာမှ အမျိုးသမီးထံ ရောက်သွားလေ၏။

“ဓာတ်ပုံရိုက်မယ်နော်”
“အဟင်းဟင်း မောင်လေးကလည်း ဘာတွေ လာပြောနေတာလဲ”
“ဒီလော်ဘီကို ဓာတ်ပုံရိုက်မယ်လို့ ပြောတာခင်ဗျ”
မချောကား မျက်နှာတစ်ချက် တင်းသွားကာ သူ့ဘေးမှ အမျိုးသမီးနှင့် ကြိတ်ကြိတ်ကြိတ်ကြိတ် တိုင်ပင်လေ၏။ ယင်းနောက် ကျွန်ုပ်ဘက် ပြန်လှည့်လာလေသည်။

“ဓာတ်ပုံရိုက်ဖို့ ခွင့်မပြုနိုင်ပါဘူးရှင့်.. 12 ထပ်က အဆောက်အအုံထိန်းသိမ်းရေးက စာထုတ်ပေးမှ ရိုက်လို့ရမယ်”

သို့ဖြင့် ကျွန်ုပ်လည်း ၁၂ ထပ် တက်ရ၏။ အနှီပုဂ္ဂိုဟ်ကား သဘောကောင်းလှ၏။ သူအောက်ကလူတွေကို အကြောင်းကြားလိုက်မည်။ ရိုက်သာရိုက်ပါဟူ၏။ သို့နှင့် ကျွန်ုပ်လည်း အောက်ထပ် ပြန်ဆင်း၏။ ရိုက်မည်ပြု၏။ လုံခြုံရေးအမျိုးသမီးက လာတား၏။ ကောင်တာသို့ရောက်၏။ ကောင်တာမှ မချောနှင့် အခြေအတင် စကားများးကြ၏။ လုံခြုံရေးမှ လူကြီးရောက်လာ၏။ ကျွန်ုပ်က ရှင်းပြ၏။ ၁၂ ထပ်သို့ ဝေါ်ကီတော်ကီများဖြင့် လှမ်းဆက်ကြ၏။ အော်ကြ၏။ ပြောကြ၏။ အချင်းချင်းလည်း စကားများကြ၏။ နောက်ဆုံးတွင်ကား ရိုက်နိုင်ပါပြီဟူ၏။

ဤပုံကား ကျွန်ုပ်ကိုယ်တိုင် ရိုက်ကူးတိုင်းတာခဲ့သော အချက်အလက်များကို အခြေခံ၍ ဒီဇိုင်းဆွဲထားသောပုံဖြစ်လေတော့သတည်း။ :P

One Marina

ဆက်စပ်ရာ Posts များ

6 thoughts on “ဘိုလီဗတ် အရှုပ်တော်ပုံ

  1. ရက်စက်ပါ့….

    လုံခြုံရေးမမရဲ့ အရိပ်တောင် မမြင်ရဖူး….
    သူ့ခမျာ “အဟင်းဟင်း မောင်လေးကလည်း ဘာတွေ လာပေါ နေတာလဲ” တဲ့ :P

    ပြောလိုက်နော်…
    ခု အတည်အတံ့ ပုံထုတ်လိုက်ပီလို့ :)

  2. ဒီပုံလေးကလည်း သူ့အထာလေးနဲ့သူတော့ ဟုတ်နေတာပဲ။ … ဒါလေးကိုရော..360 မလုပ်တော့ဘူးလား :)

  3. ဟေ့.. စာမမြင်ရဘူး ဖတ်လို့ မရဘူးဆိုပြီး ဘာတွေ လျှောက်ရွှီးထားတာလဲ :P အဝင်ပေါက်ဘက်က ဘာမှမှကို မရှိတော့ ၃၆၀ ဒီဂရီ လုပ်လို့ ရဘူး..

  4. ဒါဆို ..အဲဒီတုန်းက အဆွေတော် MTZO တစ်ယောက်ကောဗျ…
    ဘာတွေလုပ်နေလို့ ဘိုလီဗတ်ကို မလာရတာလဲ…

  5. a ko gyi a phaw ma par pe`hotel thwar taw A kite mhar paw. nout ta khar a phaw lay bar lay saung thwar naw. :)

Leave a Reply

Your email address will not be published. Required fields are marked *


*

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.