ဆန်းသစ်တီထွင် ဒီဇိုင်းပညာရှင်


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222
Perspective Sketch

Perspective Sketch

ယနေ့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းနယ်ပယ်တွင် လူသားများသည် မိမိတို့ နေထိုင်လုပ်ကိုင်နေရသော အဆောက်အဦးများအား အမိုးအကာ လုံရုံဟူသော အနေအထားမျိုးတွင် ရောင့်ရဲတင်းတိမ် မနေတော့ဘဲ တစ်နေ့ထက်တစ်နေ့၊ တစ်ရာသီထက်တစ်ရာသီ ပိုမိုဆန်းသစ်သော အဆင်တန်ဆာ ဒီဇိုင်းများဖြင့် ဖန်တီးပြုလုပ်ရန် ဆန္ဒရှိလာကြပေသည်။ တိုးတက်လာသော ခေတ်စနစ်၊ နည်းပညာများနှင်အညီ လူသားတို့၏ လိုအပ်ချက် စိတ်ဆန္ဒတို့မှာလည်း တစ်စထက်တစ်စ မြင့်မားလာကြပေသည်။

ထိုလိုအပ်ချက်များကို ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရန်အတွက် လုပ်ငန်းခွင်၏ စံသက်မှတ်ချက်များနှင့် ကိုက်ညီကာ ကျွမ်းကျင်သော အလုပ်သမားများ လိုအပ်လာပါသည်။ လုပ်ငန်းရှင်များမှာလည်း အလားအလာရှိကာ လုပ်ငန်းခွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသင့်တော့သည့် အလုပ်သမားများကို ရှာဖွေလာတတ်ကြသည်။ ၄င်းတို့သည် တိုးတက်လာသည့် အမြင်တို့နှင့်အညီ လူသားတစ်ဦးချင်းစီ၏ သီးသန့်ရွေးချယ်ခြင်းဟူသော သဘောထားကွဲလွဲခြင်းများကို သီးခံညှိနှိုင်းကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိသော အဆောက်အုံများကို ဖန်တီးပေးနိုင်ကြရမည်။

ယခုလက်ရှိပြောင်းလဲနေသော နည်းပညာရပ်များက ဒီဇိုင်းပညာရှင်များအား အမြဲတစ်စေ တီထွင်ကြံဆနေစေရန် ဖိအားပေးလျက်ရှိသည်။ ထို့ကြောင့် ဒီဇိုင်းပညာရှင်များသည် ပြောင်းလဲနေသော ခေတ်စနစ် အခြေအနေများကို မျက်ခြေအပြတ်မခံပဲ အဆောက်အအုံတို့၏ ပြောင်းလဲခြင်းပုံစံ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းသစ်မှု၊ ထပ်မံဖြည့်စွက်မည့် ပစ္စည်းများကို လူသားတို့၏ လိုအပ်ချက်နှင့် ထပ်တူကျအောင် အစဉ်တစိုက် ကြိုးပမ်းနေသင့်သည်။ ထို့အပြင် ဒီဇိုင်းပညာရှင်တစ်ယောက်သည် တစ်ခုခုကို ဖန်တီးသောနေရာတွင် တစ်ထပ်တည်းဖြစ်နေသော ရှုခင်းကိုပင် အမြင်ပြောင်းလဲပေးနိုင်စွမ်း ရှိရမည့်အပြင် စွန့်ပြစ်ပစ္စည်းထဲမှပင် ဆန်းပြားသော အသစ်အဆန်းတစ်ခု အသွင်ကို ဖန်တီးကာ အစားထိုး အသုံးပြုနိုင်ရပေမည်။

ဒီဇိုင်းဆွဲသားခြင်းဟူသော အတတ်ပညာသည် အလျား၊ အနံ၊ အမြင့် ဟူသော ထုထည် ပမာဏများနှင့် ဆက်စပ်တွေးတော ကြံဆခြင်းဖြစ်သော်လည်း အချိန်ဟူသည့် အတိုင်းအတာ ပမာဏနှင့် အဆောက်အအုံများ၏ ဆက်စပ်မှုကိုလည်း ထည့်သွင့်စဉ်းစားနိုင်ရမည်။ သို့မှသာ သတ်မှတ်ထားသော အချိန်ကာလအတွင်း စိတ်ကြိုက် ဒီဇိုင်းကို တီထွင်နိုင်မှာ ဖြစ်သည်။

အဆောက်အအုံတစ်ခု၏ ထင်ရှားသော လက္ခဏာ အစိတ်အပိုင်း ( ၆ )ရပ်မှာ တည်နေရာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကိုယ်ထည်အခွံ၊ ဝန်ဆောင်မှု၊ နေရာလွတ်နှင့် စီမံချက်တို့ ဖြစ်ပါသည်။ အိမ်တွင်းအလှဆင် ဒီဇိုင်းပညာရှင်များသည် နေရာလွတ်လပ်မှုနှင့် စီမံချက်အနေအထားတို့ကို အာရုံစူးစိုက်နေစဉ် ကျန်သော အချက်အလက်များအတွက် ကျိုးကြောင်းခိုင်လုံစွာ အကျိုးသက်ရောက်မှု ရှိစေရန်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေသည်။ ထိုသို့ စဉ်းစား တွေးခေါ်မှုများသည် လက်တွေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက် အမြဲတစ်စေ လေ့လာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။

ဒီဇိုင်းပညာရှင်တစ်ယောက်သည် စွယ်စုံရသော အတတ်ပညာရှင် တစ်ယောက်ဖြစ်ရန် မလိုအပ်သော်လည်း မိမိ၏ ဒီဇိုင်းနှင့် ပတ်သတ်ကာ အရာရာ အားလုံးကို ခြုံငုံ သုံးသပ်တတ်နိုင်ရပေမည်။ တိုးတက်နေသော ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ အဆောက်အဦးများ ပြွတ်သိပ်လာမှုကြောင့် လက်တွေ့အသုံးကျသော အယူအဆ၊ သဘောတရား နည်းများကို စဉ်းစားတွေးခေါ် နိုင်မှသာ ထူးချွှန်သော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ပေမည်။

ဒီဇိုင်းပညာရှင်တစ်ယောက် အနေဖြင့် ၅နှစ်စာအတွက် ပြသနာများကို ကြိုတင်တွေးတော အဖြေရှာဖွေရာတွင် ၅မိနစ်အတွင်း ဖြေရှင်းလိုက်သော ဖြစ်ကတတ်ဆန်း လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံမှာ မရှိမဖြစ် အရေးပါနေသော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ဖို့ ဆန်းပြားမှုကို ခုံမင်တတ်သော လူသားတို့၏ စံသတ်မှတ်ချက်များကို ပြည့်စုံအောင် ဖန်တီးပေးစေနိုင်ရန် ဆန်းသစ်သော အတတ်ပညာများကို ကျွမ်းကျင်မှုရှိရန်၊ ကြိုးပမ်းခြင်းဖြင့် အိမ်တိုင်ရာရောက် ဖန်တီးပေးနိုင်သည်ဟူသော ဝန်ဆောင်မှုတို့ဖြင့် ကမ္ဘာကြီးအား လှသထက်လှအောင် အလှဆင်ကြပါစို့။

ဆက်စပ်ရာ Posts များ

One thought on “ဆန်းသစ်တီထွင် ဒီဇိုင်းပညာရှင်

  1. ကဲ… ဆန်းသစ်တီထွင်ပြီးရင်…. နောက် ဘာလာမှာလဲ….. :D ဒီဇိုင်း…. ဒီဇိုင်း….. စာလုံးလေး ၂ လုံးထဲ ရှိလို့ တော်သေးတယ်… :) လွယ်ကို မလွယ်ဖူး :(

Leave a Reply

Your email address will not be published. Required fields are marked *


*

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.