360 Degree Panorama


Warning: Missing argument 2 for wpdb::prepare(), called in /home/yoeyar/blog.yoeyar.com/wp-content/plugins/nextgen-gallery/lib/tags.php on line 318 and defined in /home/yoeyar/blog.yoeyar.com/wp-includes/wp-db.php on line 1222

ငွေဆောင် နဲ့ နတ်ကျောက်ပုံ ပန်နိုရားမားတွေ တင်ပြီးတဲ့နောက် သူငယ်ချင်းကောင်းများက ဤသို့ ထောပနာ ပြုကြလေကုန်သည်။

MTZO: “ဟင်… ပုံက အပြည့်လည်း မရဘူး.. ဒီမှာ ကြည့် သူများတွေ ဘယ်လိုလုပ်ထားလဲဆိုတာ..” (Google Map Street View ကိုဖွင့်လျက်)။

Sithu: “ဟွန့် 360 ဒီဂရီလည်း ဟုတ်ဘူး…” (၎င်းလေသံကား ရှော်လိုက်လေခြင်းဟူသော Tone အပြည့်အဝ ပါသတည်း။)

ထို့ကြောင့် ကျွန်ုပ်သည် ရိုးရိုးကင်မရာတစ်လုံးသည် 35mm lens သာရှိကြောင်း၊ ရေပြင်ညီ ဒီဂရီအားဖြင့် 53 ဒီကရီ မျှသာ ရှိကြောင်း၊ ထို့ကြောင့် 360 ဒီဂရီ အပြည့်အဝ ဖမ်းမိစေရန် အနည်းဆုံး ဓာတ်ပုံ ၇ ပုံ ရိုက်ရမည်ဖြစ်ကြောင်း၊ ယင်းပုံများကို ဆက်သောအခါတွင်လည်း အခက်အခဲများစွာ ရှိကြောင်း၊ ပုံများ တွန့်ခြင်း ကွေးခြင်း ဖြစ်တတ်ကြောင်း၊ မြင်ကွင်းကျယ် ကင်မရာသုံးမှသာ ပုံကောင်းကောင်းရမည်ဖြစ်ကြောင်း၊ Tripod ဒေါက်တံခံကာ ရိုက်မှသာ အသေးစိတ်မှန်ကန်သော ပုံရနိုင်မည်ဖြစ်ကြောင်းတို့ကို အာပေါင်အာရင်းသန်သန်ဖြင့် နာရီဝက်မျှ အချိန်ကုန်ခံကာ ရှင်းပြပါသော်လည်း ခေါင်းတခါခါ လည်တခါခါနှင့် ညံတာက ညံ့တာပါပဲကွာ ဟု အမူအရာဆောင်သော လက္ခဏာများကို ပြကြလေ၏။

နောက်ဆုံးတွင် မခံမရပ်နိုင်သော ကျွန်ုပ်မှာ အပြင်ကင်မရာနှင့် ရိုက်မရလျှင် ရှိစေတော့၊ 3D ကင်မရာနှင့် ရိုက်တော့အံ့ ဟု ကြုံးဝါးကာ အင်္ကျီလက်ကို ပင့်လျက် ယခင်ဖိုင်အဟောင်း အချို့ကို Panorama Utility ဖြင့် အားကြိုးမာန်တက် Render လုပ်လိုက်ရာတွင်မှ အနှီ ပုဂ္ဂိုဟ်အကောင်းစားလေးတို့ကား ပါးစပ်အဟောင်းသား ရှိကြလေကုန်တော့သတည်း။
:D :D

ဆက်စပ်ရာ Posts များ

4 thoughts on “360 Degree Panorama

  1. mite tal…
    bal lo myar lote par late naw…
    taw lite tar..thu myar thar, thame twe myar:D

  2. တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်လေ
    Panorama Utility နဲ့ ပြောပါတယ်….

    စကားမစပ်.. ချိတ်ထားတာတွေက ဘာတွေလဲဟင် :D မီးသီးလို့တော့ မပြောနဲ့နော်..
    ထောင်ထားတဲ့ ဂီတာကတော့ ချစ်စမ်းမောင်ဆီက ငှားလာတာ ဖြစ်မယ် :P

  3. ဂစ်တာနံရံပေါ်က ဓာတ်ပုံတွေ၊ မျက်နှာကျက်က မီးသီးတွေ၊ ဘားကောင်တာပေါ်က ဖန်ခွက်တွေ၊ နံရံထောင့်က ဆိတ်သားကဘတ်တွေ :)

Leave a Reply

Your email address will not be published. Required fields are marked *


*

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.