အနမ်းလက်ဆောင်

ကြောင်သားသားကလေးက ကျောင်းသွားရတော့မယ်။ ဒါပေမယ့် ကျောင်းမှာ ဘာတွေ ရှိမလဲ။ ဘယ်သူတွေနဲ့တွေ့မလဲ။ တွေးတွေးပြီးကြောက်နေတော့ ကျောင်းမသွားချင်တော့ဘူး။ မေမေကြောင်က သားလေးရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သိတယ်လေ။ ဒီတော့ သားလေးကို မွှေးမွှေးပေးပြီး ကျောင်းမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေအတွက် ခွန်အားတွေ ပေးလိုက်တာပေါ့။

ဒီ Animation ကိုလုပ်တော့ Version နှစ်မျိုးလုပ်ခဲ့ရလို့ တော်တော် အချိန်ကုန်ခဲ့တဲ့ ကားလေးပါ။ အသံကို မကြိုက်တာနဲ့ အရုပ်ကမြန်နေတာနဲ့ အရောင်က ရင့်နေတာနဲ့ …. စသည်ဖြင့် အကြိမ်ပေါင်းများစွာ ပြင်ခဲ့ရတာ။ သူ့ရဲ့ မူရင်းဇာတ်လမ်းက ကလေးပုံပြင်စာအုပ်လေးထဲက။ အဲဒါကို ကိုယ့်ဟာကိုယ် Storyboard ပြန်ဆွဲ Character ပြန်ဆောက်လိုက်တယ်။

Model, Animation တွေကို 3dsmax ထဲမှာပဲဆွဲတယ်။ Background ကို Photoshop နဲ့ ပွတ်ပြီး Textures တွေကို Bodypaint3D နဲ့ခြယ်တယ်။ အသံတွေကိုတော့ ကွန်ပျူတာမှာ မိုက်တပ်ပြီး ဒီတိုင်းပဲ သွင်းလိုက်တယ် (စတူဒီယိုဖိုး သက်သာတာပေါ့ :D )။ သားသားနေရာမှာ ပီးပီးလေးက သရုပ်ဆောင်တယ်။ မေမေကတော့ UNICEF က ဂျူလီယန်ဆိုတဲ့ အစ်မကြီး။ အစ်မအသံက နားထောင်လို့ကောင်းတယ်ဆိုပြီး ရုံးရောက်တုန်း Dialog တွေ ဖတ်ခိုင်းပြီး အသံသွင်းထားလိုက်တာ။ Animation တွေလုပ်တော့ ပုံမှန် Speed နဲ့ Play တော့ မြန်နေတယ်ဆိုပြီးပြောတယ်။ ဘာလို့လဲဆိုတော့ ဒီကားလေးက မေတ္တာနဲ့ လွှမ်းခြုံနေရမှာမို့လို့ အကုန်လုံးက နူးညံ့ငြင်သာသိမ်မွေ့ရမယ်ဆိုပဲ။ ဒါနဲ့ Frame Rate တွေ လိုက်လျှော့လိုက်တာပေါ့ :D ။

“သူငယ်ချင်းတို့လည်း အားငယ်စိတ်တွေဝင်လာရင် အနမ်းလက်ဆောင်ကို စမ်းသုံးကြည့်ပါလား။”

Kissing Present from Lionslayer on Vimeo.

ဆက်စပ်ရာ Posts များ

6 thoughts on “အနမ်းလက်ဆောင်

  1. “သူငယ်ချင်းတို့လည်း အားငယ်စိတ်တွေဝင်လာရင် အနမ်းလက်ဆောင်ကို စမ်းသုံးကြည့်ပါလား။”
    Good Idea !!! :)
    ————–
    အကြံပြုတာနော်…..
    စာသင်သွားရင် ဇီးကွက်တွေ ယုန်ဖြူလေးတွေ ကို သိုက်သိုက်ဝန်းဝန်းနဲ့ လွယ်အိတ်ကလေးတွေလွယ်ပြီး active ဖြစ်နေတဲ့ အပိုင်းလေး ပါရင် ပိုကြည့်ကောင်းမှာပဲ.. အားလုံးကောင်းပါတယ်.. ဒါလည်းထည့်ရင် ပို ခံစားလို့ကောင်းမယ် ထင်လို့ပါ…… :D

  2. ဟုတ်တယ်… အဲဒီတုန်းက အဲဒီ Scene က Storyboard ထဲမှာ ရှိတယ်.. Model ဆွဲရမှာပျင်းလို့ သက်သက်ချန်ထားခဲ့တာ.. :P

  3. အခုတော့ ကျောင်းမသွားရတော့ပေမယ့်
    ရုံးသွားဖို့တော့ အဲလိုအင်အားတွေလိုတယ်ဗျ
    :P

Leave a Reply

Your email address will not be published. Required fields are marked *


*

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.