Speed Up V-Ray

St. Regis Kitchen

မသိနားမလည်ခင်ကပုံ Render Time - 40 mins

V-ray စသုံးကာစက Render setting ကို မြင့်မြင့်ထား၊ Resolution များများနဲ့ ကြာချင်သလောက် ကြာပလေ့စေဆိုပြီး အသေအကြေ Render လုပ်ခဲ့တာပေါ့။ ဟုတ်တယ်လေ.. ကွန်ပျူတာမှာ Render လုပ်ထားလို့ဆိုပြီး ကော်ဖီသွားသောက်နေတာတို့ ဝက်ဆိုက်တွေ လျှောက်ကြည့်တာတို့ လုပ်လို့လည်း ရတယ်လေ :D ။ နောက်ပိုင်းမှာ စောင့်ရတာ စိတ်မရှည်တော့ Render Setting တွေကို လျှော့လို့ရတာမှန်သမျှ အကုန်လိုက်လျှော့ရင်းနဲ့ အခုဆို ပျမ်းမျှ Render Time ၅ မိနစ်ကနေ ၁၅ မိနစ်ကြားပဲ ရှိတော့တယ်။

ဘယ်ဟာတွေမှာ လျှော့လို့ရလဲဆိုတော့…

၁) Resolution မြင့်တဲ့ ပုံကြီးတွေအတွက် Antialiasing ကို Off ပါ။
၂) Irradiance map ကို လျှော့ပါ။ Hsph. subdivs နဲ့ Interp, samples တွေကို သုံးရုံလောက်ဖြစ်တဲ့အထိ လျှော့ချပါ။ အပိုဆာဒါး Option တွေကို အကုန် Off လုပ်ပါ။
၃) Light cache မှာ Subdivs ကို အလယ်အလတ်လောက်ပဲထားပါ။ ဘာလို့လဲဆိုတော့ Subdivision ရဲ့ တွက်ချက်ပုံက စုစုပေါင်းတန်ဖိုးဟာ အဲဒီမှ ပြထားတဲ့ ကိန်းဂဏန်းရဲ့ နှစ်ထပ်ကိန်းဖြစ်တဲ့အတွက် ဖြစ်တယ်။ ဥပမာ 500 ထည့်ရင် Light cache photon 500×500 = 250,000, 1000 ထည့်ရင် 1000×1000 = 1,000,000 ဖြစ်တဲ့အတွက် ဘယ်လောက်ထိ တွက်ချက်ရတဲ့ ပမာဏ ကွာသွားတယ်ဆိုတာ တွေ့နိုင်တယ်။
၄) Light cache, Number of passes ကို CPU Thread အရေအတွက်အတိုင်း ထားပါ။ ဥပမာ Core2duo ဆိုရင် 2 ထားပါ။ Core2quad ဆိုရင် 4 ထားပါ။
၅) System ထဲမှာ Dynamic memory ကို RAM ရဲ့ 60% လောက် ပေးထားပါ။ Render region division ကို ကြီးကြီးထားပါ။
၆) Material Editor မှာ Reflection ရဲ့ Subdivision ကို မလိုအပ်ဘဲ အများကြီး မမြှင့်ပါနဲ့။ Max depth ကို တတ်နိုင်သလောက်လျှော့ချပါ။ 3 အောက်တော့ မလျှော့ပါနဲ့။

Botanic Garden Outdoor

လူပါးဝပြီးနောက် Render Time - 10 mins

ဆက်စပ်ရာ Posts များ

2 thoughts on “Speed Up V-Ray

  1. ဗဟုသုတတိုးပြီး…ပညာရတယ်ဗျာ.. ပြီးတော့ modeling နဲ့ material မှာလည်း သက်သာပြီးကောင်းတာမျိုးလေးတွေ ပြောပါဦးဗျာ.း-)

Leave a Reply

Your email address will not be published. Required fields are marked *


*

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.