တံတားကလေး

တခါတခါ ကိုယ်လုပ်ထားတဲ့ Animation လေးတွေကို ကြည့်လိုက်ရင် ဒါ မြန်မာအရုပ်တွေကွ လို့ ပြောမပြဘဲ အလိုလို သိစေမယ့် ဇာတ်လမ်းအတိုလေးတစ်ခု လုပ်ချင်တယ်။ အဲဒါနဲ့ ငယ်ငယ်က ရွှေသွေးမှာ ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး Storyboard စဆွဲတယ်။ ဇာတ်လမ်းက ကလေးလေးသုံးယောက်ဟာ လူတွေမကြာခဏ ဖြတ်ကူးရာမှာ ဒုက္ခရောက်ကြတဲ့ ချောင်းလေးပေါ်ဖြတ်ပြီး ချောင်းကူးတံတားလေးတစ်ခု ဆောက်ဖို့ ကြိုးစားကြတဲ့ အကြောင်းလေး ဖြစ်တယ်။

ဇာတ်ကောင်တွေ ဒီဇိုင်းလုပ်တော့ ၂ ချိုးနဲ့ လုပ်လိုက်တယ်။ အချိုးဆိုတာ ဇာတ်ကောင်ရဲ့ အရပ်ဟာ ဦးခေါင်းအရွယ်အစားထက် ဘယ်နှစ်ဆရှိတယ်ဆိုတာ ပြောတာဖြစ်တယ်။ သာမာန်လူရဲ့ အချိုးဟာ ၆.၅ ချိုး လောက် ရှိတယ်။ ၂ ချိုး ဆိုတော့ ခေါင်းနဲ့ ကိုယ်က အချိုးတူ ဖြစ်နေပြီ။ ခေါင်းကို မနိုင်မနင်း ထမ်းပြီး လမ်းလျှောက်နေရတဲ့ သဘောပေါ့။ :D

အဓိက Scene က ချောင်းနဲ့ တံတားဆိုတော့ အဲဒီနေရာနားကို အသေးစိတ် ဆောက်လိုက်တယ်။ ကျန်တာတွေကအလွယ်ပေါ့။ ဇာတ်ကောင်တွေက ကလေးသုံးယောက် လူကြီးသုံးယောက်ဆွဲလိုက်တယ်။ ဒရာမာလေးဘာလေး နည်းနည်းပါးပါးထည့် အသံတွေ တည်းဖြတ်ပြီးတဲ့နောက် ဆားဖြူး သကြားအုပ်လိုက်တော့ ကြည့်ပျော် ရှုပျော် ဇာတ်ကားပေါက်စလေး တစ်ခုရတယ်။ ဇာတ်လမ်းကို နာမည်ပေးမယ်လုပ်တော့ “တံတားလေး” ပေါ့။ အာ မဟုတ်သေးပါဘူး။ လူတွေ အထင်မှားစရာဖြစ်မယ်။ ဒီတော့ “တံတားကလေး”။

၂၀ဝ၅ က လုပ်ထားတာဆိုတော့ တော်တော်ကြာပြီလို့ ပြောလို့ရတယ်။ သုံးတဲ့ ဆော့ဝဲတွေကတော့ 3dsmax, premiere, photoshop စတဲ့ ပုံမှန် သုံးနေကျနဲ့ပဲ သုံးလိုက်တယ်။ စုစုပေါင်းလုပ်ချိန် ရက်သတ္တ ၂ ပတ် ကြာတယ်။

Little Bridge from Lionslayer on Vimeo.

ဆက်စပ်ရာ Posts များ

3 thoughts on “တံတားကလေး

  1. တစ်ခါတစ်ခါ ကလေးတွေဆီက နမူနာလေးတွေက ပြန်လိုက်နာရတယ်နော်….
    လိုက်နာတတ်ဖို့လည်း လိုကြောင်းပေါ့….
    တံတားကလေး ကတော့ ပေးချင်တဲ့ အတွေးလေးကို ပုံဖော်သွားတာကောင်းတယ်နော်….
    မြန်မာ့ အငွေ့အသက်လေးလည်း ပါဝင်အောင်ပေါ့…. GOOD!

Leave a Reply

Your email address will not be published. Required fields are marked *


*

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.